Ep3

12 3 0
                                    

"ကျောင်းကပြန်ရောက်ပါပြီ"

"အိုက်ဂူး မွန်းနီး ပြန်ရောက်ပြီလား"

"ဟုတ်"

"ညနေစာရော"

"သူငယ်ချင်းတွေနဲ့ တော့ပို့ကီစားခဲ့တယ်"

"တော့ပို့ကီနဲ့ ဗိုက်ဝတာလား"

"မားကလဲ သေချာပေါက်မဝဘူးပေါ့"

"မား ခေါက်ဆွဲပြုတ်ပေးမယ် စာလုပ်ရင်းစား ဒီနေ့ကျောင်းမှာဘယ်လိုလဲ"

"ကျောင်းမှာလား အဆင်ပြေပါတယ် အာ မား သိလား ဒီနေ့ကျောင်းမှာ ပျော်ရွှင်စရာအကောင်းဆုံးအရာတစ်ခုဖြစ်ခဲ့တယ်"
"ဟုတ်လား ဘာများလဲ"

"ဟဲ လျှို့ဝှက်ချက်ပါ"

ဂျောင်ဟျွန်း အခန်းထဲဝင်ပြီး စာအုပ်စင်ပေါ်မှာ စီထားတဲ့ စာအုပ်တွေထဲက "သူ့အတွက်" ဆိုပြီး အဖုံးမှာရေးထားတဲ့စာအုပ်ယူကာ

"ဒီနေ့ မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ ငါ့ရဲ့ ဝက်ဝံပေါက်လေး"

......

"ဆောလေး ပြန်ရောက်ပြီလား"

"ဟုတ်"

ဒါပါပဲ အပိုစကားမပြောဘူး ဂျီယွန်းဆောက

"ညနေစာရော"

"စားပြီးပြီ"

ယွန်းဆောအမေကတော့ သိတာပေါ့ ယွန်းဆောလိမ်နေတယ်ဆို သူ့သားလား ညနေစာကိုအပြင်မှာစားမှာ နေ့လည်စာတောင် ကန်တင်းမသွားချင်လို့ မစားတဲ့လူက

ယွန်းဆောအမေ ထမင်းပွဲပြင်ပြီး ယွန်းဆောအခန်းထဲယူသွားပေးဖို့ပြင်ချိန်

"ဆောလေး ပြန်ရောက်နေပြီလား"

"ရောက်နေပြီ"

"ဒီကောင် အဖေ့ကိုတောင် လာမနှုတ်ဆက်ဘူး ထမင်းပွဲကရော ဆောလေးအတွက်လား"

"ဟုတ်တယ် သူပြောတာတော့ စားပြီးပြီတဲ့ ကိုယ့်သားအကြောင်း ကိုယ်သိတယ်မလား"

"ဒီလိုပုံနဲ့ နောင်တစ်ချိန်ကျ ကုမ္ပဏီကို သူဘယ်လိုဆက်ခံမှာလဲ"

"သားကိုလွှတ်ထားပေးလိုက်ပါ သူကငယ်ငယ်ကတည်းက ဒီလိုပဲနေလာတာကို"

ယွန်းဆောအဖေသက်ပြင်းချမိတယ် ယွန်းဆော ဒီလိုလူတောမတိုးပုံနဲ့ ဆက်ဆံသူဖြစ်ဖို့ဆိုတာ မလွယ်ကူနေဘူး

My Hidden Crush Where stories live. Discover now