Ep9

7 1 0
                                    

နေ့ရက်တွေဟာပုံမှန်အတိုင်းပဲ ကုန်လာတာ ဒီနေ့ဆို ကျောင်းတက်ရမယ့်နေ့ပြန်ရောက်လာပြီ

ဂျောင်ဟျွန်း ကျောင်းဝတ်စုံဝတ်ရင်း ယွန်းဆောအကြောင်းတွေးမိတယ် ဒီနေ့ သူတွေ့ရမယ့် ယွန်းဆောက စနေနေ့က သူနဲ့တူလျှောက်လည်ခဲ့တဲ့ ယွန်းဆောနဲ့ ကွဲပြားနေမလား သူတို့နှစ်ယောက်ဟာ တနင်္ဂနွေနေ့တစ်နေ့လုံးမှာ morning နဲ့ goodnight နှစ်လုံးသာ ပို့ဖြစ်ကြတယ်

"ကျောင်းမှာတွေ့ကြမယ်"

ဂျောင်ဟျွန်းဘက်ကသာ အရင်စကားစလိုက်တယ် ယွန်းဆောဘက်က စဖို့ဆိုတာမဖြစ်နိုင်ဘူးလေ

"အင်း"

ဂျီယွန်းဆော ရဲ့စာပြန်စကေးကတော့ ဒါပါပဲ လူကိုလက်မညောင်းစေဘူးလေ

....
"မနက်စာ စားသွားလေ ဆောလေး"

"ဟင့်အင်း မစားတော့ဘူး"

"ဗိုက်ဆာနေမယ်လေ"

"ရပါတယ် နောက်ကျနေပြီ သွားလိုက်ပါဦးမယ်"

ယွန်းဆော အမေ့ကိုမြန်မြန်စကားစဖြတ်ပြီး အသင့်ဖွင့်ထားပေးတဲ့ ကားထဲဝင်ထိုင်လိုက်ပြီး

"မြန်မြန်မောင်းပေးပါ"

"ဗျာ"

"နောက်ကျနေပြီမလို့ မြန်မြန်မောင်းပေးပါလို့"

"ဟုတ် ဟုတ် သခင်လေး"

ဒရိုင်ဘာခမျာ ကျောင်းတက်ဖို့ ၁ နာရီလောက်လိုသေးတယ်လေ ဆိုတဲ့စကားကို စိတ်ထဲမှာပဲ သိမ်းထားလိုက်ပါတော့တယ်

"ဒီနေ့ ညနေ ကျတော့်ကိုလာမကြိုနဲ့"

"ဗျာ အဲ့တာဆို သခင်လေးကဘာနဲ့...."

စကားကိုဆုံးအောင်နားမထောင်ပဲ ကားတံခါးကိုပိတ်ပြီး ထွက်သွားတဲ့ ယွန်းဆောကို ဒရိုင်ဘာခမျာ ပြေးရိုက်ချင်စိတ်တဖွားဖွား

"ယွန်းဆောရေ"

ယွန်းဆော ကျောင်းဂိတ်ကနေ အသံလာရာကိုကြည့်တော့ ဟျောင်းဝန်း ဆိုသော ပြဿနာအိုး

"မင်း စနေနေ့က ဘယ်သွားတာလဲ"

"ဟင်"

"ငါ မင်းအိမ်လာတော့ အန်တီက မင်းအပြင်သွားတယ်တဲ့လေ"

My Hidden Crush Where stories live. Discover now