Ep11

7 1 0
                                    

ကျောင်းသွားဖို့ပြင်နေရင်း ယွန်းဆော ‌ကျောင်းမှာနေ့လည်စာ စားသင့်မစားသင့်ကို မိုချာ့ကိုမေးကြည့်ပေမယ့်

"မိုချာ ငါကျောင်းကန်တင်းသွားသင့်လား"

မိုချာက အရင်ကလို တုံ့ပြန်ခြင်းမရှိ

"ဟျောင့် မိုချာမင်းဘာဖြစ်နေတာလဲ မွန်းဂျောင်ဟျွန်းကို အဲ့လောက်ကြိုက်နေတာလား"

အမှန်ပင် စနေနေ့တုန်းက မိုချာက ဂျောင်ဟျွန်း အနားပဲ ကပ်နေခဲ့တာ ဂျောင်ဟျွန်းပြန်ခါနီးတောင် မိုချာလိုက်သွားချင်နေလို့ မနည်းဆွဲထားရတာ

"မဖြေလဲနေပေါ့ သနားလိုက်တာနော် မိုချာရယ် ငါဆို ဂျောင်ဟျွန်းကို နေ့တိုင်းတွေ့နေရတာလေ ဟိုမှာ သူပေးတဲ့မုန့်လေးတွေ တွေ့လား"

ခွေးနဲ့ပြိုင်ပြီး ရန်မဖြစ်သင့်ပေမယ့် ယွန်းဆော ဘာလို့မှန်းမသိ မိုချာနဲ့ ရန်ဖြစ်ခဲ့တယ်ဆိုပါစို့

"ဆောလေး ကျောင်းသွားတော့မလို့လား မနက်စာလာစားလေ"

"ဟင့်အင်း"

"ဂျီယွန်းဆော လာစား"

အမေ့စကားဆို ငြင်းလို့ရပေမယ့် အဖေပါပြောလာသည်မို့ ယွန်းဆောမငြင်းတော့ပဲ ထမင်းစားပွဲမှာဝင်ထိုင်လိုက်လေရဲ့

"မင်း ရည်းစားရနေတာလား ဂျီယွန်းဆော"

"ကျတော်က အဲ့လိုတွေ စိတ်ဝင်စားတယ်လို့ အဖေကထင်လို့လား"

"မင်းခြေလှမ်းတွေက အဲ့လိုဖြစ်နေလို့လေ"

"စိတ်ချပါ ရည်းစားရရအောင်လဲ ယောင်္ကျားလေးအထက်တန်းကျောင်းမှာ တက်နေတဲ့ ကိစ္စကို"

"အေး ငါကအဲ့တာကို စိတ်ပူတာလေ မင်းရည်းစားက"

ဆက်မပြောတော့ပဲ ရပ်သွားတဲ့ အဖေ့ကြောင့် ဆိုလိုချင်တာကို ယွန်းဆောသိသွားပြီလေ

"စိတ်ချပါ ကျတော်ဗိုက်ဝသွားပြီ ကျောင်းသွားလိုက်ပါဦးမယ်"

ယွန်းဆောဆက်မစားတော့ပဲ ကျောင်းကိုသာ ထွက်သွားလိုက်တယ် အဖေက ယွန်းဆောကို ဒီလောက်တောင် မယုံတာလား

...
"ဂျောင်ဟျွန်း အမေဈေးသွားတော့မယ်နော် ထမင်းစားပွဲပေါ်မှာ ထမင်းဘူးတင်ထားတယ်နော်"

My Hidden Crush Where stories live. Discover now