Ep 28 [end]

8 0 0
                                    

Recommend song - [ stray kids - Never ending story]

သုံးရက်ရှိပြီ သုံးရက်တိတိ ဂျောင်ဟျွန်း ယွန်းဆောကို နေမကောင်းလို့ဆိုပြီး လိမ်ကာ အိမ်ထဲကအိမ်ပြင်တောင် မထွက်ဖြစ်တာ အခုထိ ယွန်းဆော အမေပြောသွားတာကို စဉ်းစားမရဖြစ်နေတုန်းပဲ

"ဂျောင်ဟျွန်း သား မား ဝင်လာလို့ရမလား"

"ဟုတ် ဝင်လာခဲ့ပါ"

ကုတင်ပေါ်မှာထိုင်နေတဲ့ ဂျောင်ဟျွန်းဘေးကိုဝင်ထိုင်လိုက်ကာ

"ယွန်းဆောကိုမပြောပြတော့ဘူးလား သား"

"ပြောပြမှာပါ ဘယ်လိုစကားစရမလဲမသိသေးဘူး သွားမသွား ဆိုတာလဲ မသေချာသေးဘူးလေ"

"အမေကတော့ သားတို့ကိစ္စကို ဝင်မစွက်ဖက်ချင်ပေမယ့် သွားသင့်တယ်လို့ထင်တယ် မွန်းဂျောင်"

"....."

"ရေရှည်ကို စဉ်းစားကြည့် ဂျောင်ဟျွန်း ယွန်းဆောက ဒီမှာကျောင်းကောင်းကောင်းတက်နိုင်ပြီး အလုပ်ကောင်းကောင်းရမယ့်ကလေး သားက သာမာန်ပဲလေ အဲ့လိုမျိုးဆို ယွန်းဆော အဖေက သားတို့ကို အဆုံးထိခွင့်ပြုမှာမဟုတ်ဘူးသား"

"ဒါပေမယ့် ကျွန်တော်သွားရင် အနည်းဆုံး ခြောက်နှစ်လောက်ကတော့ ယွန်းဆောနဲ့ ခွဲနေရမှာ"

"တစ်သက်လုံး အတူရှိရဖို့ အတွက် ခြောက်နှစ်ဆိုတာ ခနလေးပါ ဂျောင်ဟျွန်း ပြီးတော့ သားသွားမယ်ဆိုရင်တောင် တစ်နှစ်လောက်ကြာမှာမလို့ ယွန်းဆောနဲ့ အမှတ်တရတွေ ထားခဲ့ဖို့ အချိန်အလုံအလောက်ရပါတယ်"

ဂျောင်ဟျွန်းသေချာစဉ်းစားကြည့်လိုက်တယ် ဘယ်လိုပဲနေပါစေ သူ့အတွက်ကတော့ ယွန်းဆောက အရေးအကြီးဆုံးမလို့ ယွန်းဆောစိတ်ကို အရင်မေးရမယ်

"ကျွန်တော် နားလည်ပါပြီ ဒီနေ့ ယွန်းဆောကို အကျိုးအကြောင်းပြောပြလိုက်ပါမယ်"

"မားလဲ လုပ်စရာရှိတာတွေ ဆက်လုပ်လိုက်ဦးမယ်"

အမေထွက်သွားတော့ ယွန်းဆောကို ဂျောင်ဟျွန်းဖုန်းဆက်လိုက်တယ်

"ဟယ်လို ဂျောင်ဟျွန်း"

"ဆောလေး ငါတို့ ဒီနေ့ တွေ့ကြမယ်လေ"

You've reached the end of published parts.

⏰ Last updated: Apr 06 ⏰

Add this story to your Library to get notified about new parts!

My Hidden Crush Where stories live. Discover now