Ep 26

3 0 0
                                    

ယွန်းဆောနဲ့ ဂျောင်ဟျွန်း ရည်းစားဖြစ်သွားတော့လဲ လျှို့ဝှက်နေခြင်းမရှိ ယွန်းဆောက လူကြောက်ပေမယ့် သူက ယောင်္ကျားလေးနဲ့တွဲနေတယ်ဆိုတာကိုတော့ လျှို့ဝှက်ခြင်းမရှိ အခုတောင် ဒိတ်လုပ်ဖို့ အပြင်ထွက်လာတာကို ဘာစားမလဲဆိုတာ တိုင်ပတ်နေကြတဲ့ ရည်းစားနှစ်ယောက်

"ယွန်းဆော ဘာစားချင်လဲ"

"မင်းစားချင်တာစား"

"အဲ့တာဆို တော့ပို့ကီ စားကြမလား"

"ဟင့်အင်း ရိုးနေပြီ"

"ကြက်ကြော် နဲ့ဘီယာရော"

"အယ်လ်ကိုဟောမသောက်ချင်ဘူး"

"BiBiBamp ရော"

"စပ်တယ်"

မင်းစားချင်တာစားဆိုပြီး တစ်ခုမှမစားချင်နေတဲ့ ယွန်းဆောကြောင့် ဂျောင်ဟျွန်းအခက်တွေ့ရပြီ

"မင်းဘာစားချင်လဲ ငါ့ကိုပြောကြည့်လေ"

"မင်းစားတာလိုက်စားမယ်လို့"

"ဘာလို့အော်တာလဲ"

"မအော်ပါဘူး ငါက စိတ်မကောင်းဖြစ်သွားတာလား"

"မင်းကိုမခေါ်ဘူး"

"အယ် ဒီကိုကြည့်ပါဦး စိတ်မကောက်ပါနဲ့"

နှုတ်ခမ်းဆူပြီး တစ်ဖက်ကိုလှည့်သွားတဲ့ဂျောင်ဟျွန်းက ကောက်နေပြီဆိုတာ ယွန်းဆောသိလိုက်ပါပြီ သူတို့စတွဲမှ ယွန်းဆောသတိထားမိလာတာ မွန်းဂျောင်ဟျွန်းက တစ်ကယ့်ကလေးပေါက်စလေးလိုပဲ

"မင်းစိတ်ကောက်နေမယ်ဆိုရင် ညကျပြန်ရင် မနမ်းခိုင်းတော့ဘူး"

"ငါစိတ်မကောက်ပါဘူး"

ချက်ချင်းစိတ်ကောက်ပြေသွားတဲ့ ဂျောင်ဟျွန်းကို ယွန်းဆော မနိုင်ဘူးလို့ တွေးမိတယ်

"လာ BiBiBamp သွားစားရအောင်"

ဆိုငိရောက်တာနဲ့ ဘာမှတောင်မမှာရသေး ဂျောင်ဟျွန်းက စကားစလာတယ်

"စားပြီးရင်လေ"

"အွန်း"

"နမ်‌ဆန်းတာဝါထပ်သွားရအောင် ငါကတိပေးထားတာမှတ်မိလား"

ရည်းစားဖြစ်သွားရင် ပြန်လာမယ်လို့ ကတိပေးခဲ့တဲ့ ဂျောင်ဟျွန်းပုံစံလေးကို ယွန်းဆော အခုထိ မှတ်မိနေပါသေးတယ်

My Hidden Crush حيث تعيش القصص. اكتشف الآن