ကျောင်းပြန်တက်တော့ နှစ်ယောက်သားအတူတူအခန်းထဲဝင်လာပေမယ့် ဘယ်သူကမှသတတိမထားမိဘူး ယွန်းဆောအတွက်ကတော့ ဒါကတော်သေးတာပေါ့
"ယွန်းဆော"
"အင်း"
"ကျောင်းဆင်းတုန်းကလေ မင်းကို ဟိုးရှေ့က မွန်းဂျောင်ဟျွန်းလာရှာတယ်"
ဆွန်းအွန်းပြောပြတော့ ရယ်ရုံသာရယ်ပြလိုက်ပြီး
"ဟုတ်လား"
ဟျောင်းဝန်း -"မင်းကို ဂျောင်ဟျွန်းကဘာလို့ရှာတာလဲ"
ယွန်းဆော -"မင်းက ငါ့အဖေလား"
ဆိုလိုချင်တာက မင်းကို ပြောပြစရာဘာအကြောင်းရှိလို့လဲဟုပင်
ဆွန်းအွန်း -"ကျောင်းဆင်းရင် မုန့်သွားစားကြမလား"
ဟျောင်းဝန်း -"ကြိုက်တာပေါ့"
နှစ်ယောက်လုံးက သေဘာတူလက်မှတ်ရေးထိုးလိုက်ပေမယ့် ဂျီယွန်းဆောကတော့
"ငါမလိုက်ဘူး"
ဟျောင်းဝန်း -"ထဖောက်ပြီ တွေ့လားအမြဲတမ်း"
ဆွန်းအွန်း -"လိုက်ခဲ့ပါ ယွန်းဆောကလဲ"
ယွန်းဆော-"ငါဒီနေ့သင်တန်းမလာဘူး ခွင့်တိုင်ပေး"
လို့သာပြောပြီး နားကြပ်တပ် ခေါင်းမှောက်အိပ်လျက် "ဆရာလာရင် နိုးလိုက်နော်" တဲ့လေ
......
ကျောင်းဆင်း ယွန်းဆော အရင်လို အရင်မထွက်ပဲ နောက်ဆုံးမှ ထွက်လို့ရအောင် စောင့်နေလိုက်တယ်"မင်းတစ်ကယ်သင်တန်းမတက်ဘူးလား"
ဟျောင်းဝန်းက မယုံသလိုမေးလာတော့ "မတက်ဘူး သေချာတယ်" ဆိုပြီးသာဖြေပြီး မြန်မြန်သွားခိုင်းလိုက်ရတယ် သူကတော့ ဂျောင်ဟျွန်းကို စောင့်ရဦးမှာ
"ယွန်းဆော"
"အာ လာပြီလား"
"ငါတို့အိမ်သွားမလား"
"ဟမ် မင်းတို့အိမ် အခုချက်ချင်းလား"
"မကောင်းဘူးနော် ချက်ချင်းကြီးအိမ်ခေါ်တာကျ"
"Study cafe ပဲသွားကြတာပေါ့ ဂျောင်ဟျွန်းရယ်"
"သွားကြမယ် လိုက်စ်ဂိုး"
YOU ARE READING
My Hidden Crush
Romanceငါ့ကိုကြိုက်တာလား မင်း Yunseo ဟင့်အင်း ငါမင်းကို မကြိုက်တော့ဘူး ငါမင်းကိုချစ်တာ Junghyun