Ep 24

8 1 0
                                    

ဒီလိုနဲ့အချိန်တွေကုန်လာတာ ယွန်းဆောတို့စာမေးပွဲဖြေမယ့်ရက်တောင်ရောက်လာပြီ ယွန်းဆောခုံပေါ်က နို့ဘူးနဲ့ ထမင်းဘူးလေးကတော့ ရိုးရာမပြတ် အမြဲတမ်းရှိနေတုန်းပါပဲ

ဟျောင်းဝန်း -"စာမေးပွဲရက်ကြီးလဲ လာပေးတာပဲလား တစ်ကယ်ကိုရူးနေတာပဲ"

ယွန်းဆော-"မနာလိုတာလား မင်း"

ဆွန်းအွန်း-"ဂျီယွန်းဆောမင်းကရော မွန်းဂျောင်ဟျွန်းပေးတာကို သဘောတွေကျနေတာမလား"

ယွန်းဆော-"ဖြစ်ရမယ်"

ဟျောင်းဝန်း-"ဆွန်းအွန်း ငါစာတွေအများကြီးလုပ်ထားတာမလို့ ငါဒီစာမေးပွဲမကျလောက်ဘူးမလား"

ဆွန်းအွန်း-"ငါဒီလောက်သင်ထားပေးတာကိုကျရင် မင်းကို မင်းအဖေမသတ်ခင် ငါအရင်သတ်တာပေါ့ ဝန်းလေးရာ"

ဟျောင်းဝန်း-"ဟီး အောင်မှာပါ"

ဆွန်းအွန်းတို့ စာပြတဲ့အကြောင်းပြောမှ ယွန်းဆော ဂျောင်ဟျွန်းကိုတောင် သေချာစာမပြပေးခဲ့ရဘူး မှတ်စုတွေပဲပေးဖြစ်ပြီး တစ်ခါတစ်လေ ဂျောင်ဟျွန်းကနားမလည်လို့ ဖုန်းဆက်မေးမှသာ သေချာရှင်းပြဖြစ်ခဲ့တာ ဂျောင်ဟျွန်းသေချာဖြေနိုင်ပါမလား

"ကဲ စာမေးပွဲကို 9 နာရီမှာစဖြေမယ် အစွန်ဘက်ကခုံတွေ အကုန် နံရံနဲ့ကပ်နေအောင်ထား အလယ်တန်းက ခုံတွေကို ချဲထား"

ကျောင်းသားတွေ ဆရာပြောတဲ့ အတိုင်းခုံတွေကို ချဲလိုက်ပြီး ကိုယ်စီနေရာမှာထိုင်နေကြတယ် ထိုချိန် ဂျောင်ဟျွန်းက နောက်ကိုလှည့်ကာ ယွန်းဆောကို စက္ကူတစ်ခုနဲ့ပစ်‌လိုက်လေရဲ့

စက္ကူမှန်သွားတဲ့ ယွန်းဆောက ဟျောင်းဝန်းပစ်တယ်အထင်နဲ့ ထပြောဖို့အလုပ် စာရွက်ထဲမှာရေးထားတာက

~စာမေးပွဲဖြေတာ အဆင်ပြေပါစေနော် ငါ့ရဲ့ခိုအာလာပေါက်လေး~

ယွန်းဆောပြုံးမိတယ် အရေးအသားကိုကြည့်တာနဲ့တင် ဂျောင်ဟျွန်းပဲလေ ဂျောင်ဟျွန်းကိုကြည့်လိုက်တော့ သူ့ကို ဖိုက်တင်း ဆိုပြီးလုပ်ပြနေလေရဲ့

"ကဲ မေးခွန်းစာရွက်ရလာပြီ မင်းတို့တွေခိုးမချကြဖို့မျှော်လင့်ပါတယ် တတိယနှစ်တောင်ရောက်လာပြီပဲ ဘာလို့ခိုးချနေဦးမှာလဲ ဟုတ်တယ်မလား"

My Hidden Crush Where stories live. Discover now