ကျောင်းဆင်းချိန်ရောက်ခါနီးတော့ လူတိုင်း အားကစားကွင်းကနေ အခန်းထဲပြန်ဝင်လာကြတယ် ယွန်းဆောလဲ နိုးလာတာပေါ့
"ဟမ် ဘယ်သူ့ဟာလဲ"
ယွန်းဆောနိုးလာတော့ ထိုင်ခုံဘေးနားမှာ ရင်ထိုးတစ်ခုကျနေတာတွေ့လိုက်တယ် ဒါက အားကစားဝတ်စုံမှာ တပ်ထားတဲ့ဟာပဲ အနောက်က နာမည်ကြည့်တော့ MJH တဲ့ ဘယ်သူပါလိမ့်
"မေးလိုက်ရမလား"
ယွန်းဆော တစ်ခန်းလုံးကို ဒါဘယ်သူ့ဟာလဲ လို့မေးရလောက်တဲ့အထိ သတ္တိသူ့မှာမရှိဘူး ပြီးတော့ သူမေးရင်လဲ ဘယ်သူ့မှမဖြေလောက်ဘူးမလား
"အာ ငါ့ရင်ထိုးရော"
"ရင်ထိုး ပြေးနေတုန်းများကျန်ခဲ့တာလား"
ယွန်းဆော ရင်ထိုးပိုင်ရှင်ကိုသိသွားပါပြီ မွန်းဂျောင်ဟျွန်း MJH ဟုတ်တာပဲ ရင်ထိုးရှာနေတဲ့ ဂျောင်ဟျွန်းကိုတွေ့ပေမယ့် ယွန်းဆောဒီအချိန်ကြီးသွားမပေးချင်ပါ လူတွေအများကြီးရှိနေတာ နှစ်ယောက်တည်းရှိတဲ့ အချိန်ကျမှ ပေးမယ်လို့ တွေးပြီး ရင်ထိုးကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်တယ်
"ငါ ကွင်းထဲပြန်ကြည့်လိုက်ဦးမယ်"
"မသွားနဲ့တော့ မနက်ဖြန်မှ ငါတို့ကူရှာပေးမယ် အခုကကျောင်းဆင်းတော့မှာကို"
"အင်းပါ"
ဂျောင်ဟျွန်း ဘယ်လိုပဲစဉ်းစားစဥ်းစား ဘယ်နားကျကျန်ခဲ့လဲ လုံးဝစဉ်းစားလို့မရပါ ပြေးနေတုန်းကျကုန်ခဲ့ရအောင်လဲ သူပြေးနေတာက ခရုပြေး ထိုင်ပဲထိုင်နေခဲ့တာကို တစ်ကယ်ပါပဲ နောက်ကာယချိန်မှာ ရင်ထိုးမရှိတာ ဆရာသိရင် အဆူခံရဦးမယ်
......
"ပြန်ရောက်ပြီလား"
"အင်း"
ယွန်းဆော အမေပြောတာကိုတောင် ဆက်နားမထောင်တော့ပဲ အခန်းထဲ ခြေကုန်သုတ်ပြေးဝင်လာတယ်
"မိုချာ မိုချာ ငါလေ သိလား"
မိုချာက ပြောလေ ဆိုတဲ့ပုံစံလေးနဲ့ ယွန်းဆောကို ကြည့်တယ်
"ငါ မွန်းဂျောင်ဟျွန်းရဲ့ ရင်ထိုးကို ကောက်ရခဲ့တယ် ပြန်ပေးမလို့လာ မပေးခဲ့ရဘူး"
YOU ARE READING
My Hidden Crush
Romanceငါ့ကိုကြိုက်တာလား မင်း Yunseo ဟင့်အင်း ငါမင်းကို မကြိုက်တော့ဘူး ငါမင်းကိုချစ်တာ Junghyun