Ep21

7 2 0
                                    

အဲ့နေ့ကနေစတော့တာပဲ ယွန်းဆော ဂျောင်ဟျွန်းကို ရှောင်နေတာ နှစ်ရက်ရှိပြီ ကျောင်းမှာတွေ့လဲစကားမပြောသလို နေ့လည်စာစားချိန်ဆိုလဲ ပျောက်ပျောက်သွားတာ စာပို့ရင်လဲ ကျောင်းစာ နဲ့ပတ်သက်တာကလွဲရင် ဘာမှမပို့ဘူး

"ဘာတွေ စိတ်ညစ်နေတာလဲ မွန်းဂျောင်"

"ကိစ္စတစ်ခုတွေးစရာရှိနေလို့"

"ငါတို့ငတုံးလေးက ဘာတွေတွေးနေတာ"

"ဂျီယွန်းဆောပေါ့"

"ဘာလဲ ဖွင့်ပြောပြီးပြီလား"

"ပြောဖို့နေနေသာသာ အမြီးတောင်ရှာမရဘူး ငါ့ကိုဘာလို့ရှောင်နေတာပါလိမ့်"

"မင်းကိုစာပြရတာ ခက်ခဲလွန်းလို့ လက်လျှော့ချင်နေတာလားမှ မသိတာ"

ဂျောင်ဟျွန်း လက်သီးထောင်ပြလိုက်ကာ "သေချင်လို့လား"

"ဆောရီး"

ဒီနေ့တော့ ဂျောင်ဟျွန်း ယွန်းဆောနဲ့စကားပြောကိုပြောမှရမယ် ဘာလို့ ရှောင်နေတာလဲ ဆိုတဲ့အကြောင်းအရင်းကိုသိမှကိုရမယ်

နေ့လည်ကျောင်းဆင်းတာနဲ့ ဂျောင်ဟျွန်း ယွန်းဆော ဆီသွားခဲ့ပေမယ့်

ယွန်းဆော -"ဆွန်းအွန်းငါတို့ကန်တင်းသွားရအောင် မြန်မြန်"

ဟျောင်းဝန်း -"မင်းကလိုက်မလို့လား"

ယွန်းဆော -"မြန်မြန်"

ဂျောင်ဟျွန်းခြေထောက်ထက် ယွန်းဆောပါးစပ်ကပိုမြန်သလားပဲ တားချိန်တောင်မရလိုက် ပြေးထွက်သွားလေရဲ့

"ကန်တင်း လား ယွန်းဆောက အဲ့လိုနေရာတွေကို ဘာလို့သွားတာလဲ ဂျီယွန်းဆော ဘာလို့ငါ့ကိုရှောင်နေရတာလဲ"

.....
ဆွန်းအွန်း -"ဘာလဲ ဂျောင်ဟျွန်းကိုရှောင်နေတာလား"

ယွန်းဆော ခေါင်းငြိမ့်ပြတယ်

ဟျောင်းဝန်း -"ဘယ်နေ့ထိရှောင်နိုင်မှာကျနေတာပဲ"

ယွန်းဆော-"ပါးစပ်ကိုပိတ်ထားမလား ငါပိတ်ပေးရမလား"

ဟျောင်းဝန်း -"ပိတ်လိုက်ပြီ ပိတ်ပြီ

ဆွန်းအွန်း -"ဟျောင်းဝန်းပြောတာလဲ မမှားဘူး မင်းသူ့ကိုအမြဲမရှောင်နိုင်ဘူးလေ တစ်နေ့နေ့တော့ ထိပ်တိုက်တွေ့ရမှာပဲ"

My Hidden Crush Where stories live. Discover now