Ep 20

5 0 0
                                    

ဟျောင်းဝန်း -" ဘာ"

ဆွန်းအွန်း-"ဖြေးဖြေး ဝန်းလေး မင်းအသံကြောင့် ငါနဲ့ ယွန်းဆော အကြားအာရုံတွေထိခိုက်တော့မယ်"

ဟျောင်းဝန်း -"ဂျီယွန်းဆော မင်းက မွန်းဂျောင်ဟျွန်းကို စာပြပေးတာ ဟုတ်လား"

ယွန်းဆော -" ဟုတ်ပါတယ်ဆို ဘယ်နှစ်ခါလောက်မေးနေမှာလဲ"

ယခုအခြေအနေကတော့ ယွန်းဆောတို့သူငယ်ချင်း သုံးယောက် ဆွန်းအွန်းအိမ်ရောက်နေခြင်းဖြစ်သည်

ယွန်းဆော-"ပြဿနာက ငါ မွန်းဂျောင်ဟျွန်းကို စာပြပေးတာမဟုတ်ဘူး"

ဟျောင်းဝန်း -"အဲ့တာဆို ဘာက ပြဿနာလဲ"

ယွန်းဆော -"ပြဿနာက မွန်းဂျောင်ဟျွန်းက ငါ့ကို..."

ဆွန်းအွန်း -"ကြိုက်နေတာမလား"

ယွန်းဆော -"ဟမ် မင်းကသိနေတာလား"

ဟျောင်းဝန်း -"တစ်ခန်းလုံးသိတယ်လေ ကျောက်တုံးထက် တုံးတဲ့ ငတုံးလို မင်းပဲမသိတာ"

ယွန်းဆော ဆွံ့အသွားသည် နှစ်နှစ်လုံးလုံး သူတစ်ယောက်တည်းမသိခဲ့တာလား

ယွန်းဆော -" မင်းကဘယ်ချိန်ကတည်းကသိတာလဲ"

ဟျောင်းဝန်း -"ငါကလား မနှစ်ကနဲ့တူတယ် မွန်းဂျောင်ဟျွန်းက ကာယချိန်တွေမှာ အားကစားဝတ်စုံကြီးဝတ်ပြီး ကာယလဲလာမလုပ်ဘူးလေ အဲ့နေ့က ငါ မင်းကို ဘာ‌လာပေးတာလဲမသိဘူး အဲ့မှာ မင်းကအိပ်နေတာကို မွန်းဂျောင်ဟျွန်းက ထိုင်ကြည့်နေတာ"

ယွန်းဆော -"ထိုင်ကြည့်နေတာ ဟုတ်လား"

ဟျောင်းဝန်းက ပါးစပ်ထဲကို အားလူးကြော်တစ်ခုထည့်လိုက်ကာ ခေါင်းအဆတ်မပြတ်ငြိမ့်ပြတယ်

ယွန်းဆော -" ထိုင်ကြည့်နေတာ ဆိုတော့ ဟိုရင်ထိုးကလဲ ချီး"

ဆွန်းအွန်း-" ဘာရင်ထိုးလဲ ငါ့ကျမပြောပြကြဘူး ဘာမှမသိပါဘူးဆို"

ယွန်းဆော -"နေပါဦး ယွန်ဆွန်းအွန်း မင်းကရော ဘယ်ချိန်ကတည်းကလဲ"

ဆွန်းအွန်း-"ငါကလား ကျောင်းစတက်တဲ့နေ့ကတည်းက ဂျောင်ဟျွန်းက ရှေ့ဆုံးတန်းကနေ ငါတို့အတန်းကိုပဲ လှည့်ကြည့်နေပြီး ငါ့ကို မင်းကဘာမလို့ ယွန်းဆော ဘေးထိုင်တာလဲဆိုတဲ့ အကြည့်ကြီးနဲ့စိုက်ကြည့်နေတာလေ"

My Hidden Crush Where stories live. Discover now