Expectantion🌧️⛅

82 6 0
                                    

Expectantion

"ဟန်နီ....."

အိမ်ထဲသို့လှမ်းဝင်လာခဲ့တာက ကျွန်မသိပ်ချစ်ရတဲ့ဟန်နီကြီးရယ်ပါ။သူမက ကျွန်မဆီသို့ အပြေးလှမ်းလာရင်း ပျော့ခွေယိမ်းယိုင်သွားတဲ့ကျွန်မက ပွေ့ထားလိုက်တယ်လေ။

"ကလေးငယ်.....သတိထားဦးလေ"

"ရင်ဘတ်အောင့်တယ် ဟန်နီ"

"ဟင့်အင်း... မအောင့်ရဘူး ကလေး။ကိုယ့်ကလေး နာကျင်နေတာမမြင်ချင်ဘူး"

သူမက ဆရာဝန်ခေါ်ပေးတာတွေ၊ကျွန်မကိုပွေ့ယူပြီးအိပ်ရာထဲချပေးတာတွေလုပ်နေလေရဲ့။ကျွန်မဟာသူမရဲ့လက်တွေထဲမှာပျော့ခွေရင်း သူမပြုလုပ်သမျှကိုခံယူနေခဲ့ရတာပေါ့။

ဆရာဝန်ရဲ့ကုသမှုခံယူပြီးလို့အခြေအနေတွေတည်ငြိမ်သွားတဲ့အခါမှာတော့ သူမကိုကျွန်မစကားဆိုမိတယ်။

"ကလေးဆီကိုပြန်လာခဲ့တာလားဟင်"

"ကိုယ်ကလေးလေးဆီက ကိုယ်ထွက်မသွားခဲ့ပါဘူး။ဘယ်တုန်းကမှထွက်မသွားခဲ့ပါဘူး ကလေးရယ်။ကိုယ်ဘယ်မှမသွားဘူး ကလေး။ကလေးအနားမှာရှိနေမှာ...."

"ကလေးကိုပြောတော့ စွန့်ပစ်လိုက်ပြီဆို.....ကလေးကို....ကလေးကိုမုန်းတယ်ဆိုပြီး....ဟန်နီက....."

သူမကိုစကားဆက်မပြောနိုင်တော့ပဲ ရှိုက်ကြီးတငင်ငိုချမိတော့တယ်။ကျွန်မရဲ့အခြေအနေကိုကြည့်ရင်း သူပြာယာခတ်သွားတယ်လေ။

"ကလေး.....ကလေးရေ.....မငိုနဲ့လေ....မငိုရဘူးလေကွာ"

"ကလေးကိုရွံတယ်....မုန်းတယ်....စွန့်ပစ်လိုက်ပြီဆိုပြီး....ဟန်နီထွက်သွားတာ......"

"ဟာကွာ.....ကိုယ်ထွက်သွားတာမဟုတ်ပါဘူး ကလေးရယ်....ကိုယ်....ကိုယ့်ဒေါသတွေကြောင့် မင်းလေးကိုတစ်ခုခုထိခိုက်အောင်လုပ်မိမှာစိုးလို့....."

"ဟင့်အင်း.....ဟင့်အင်း.....ဟန်နီ ထွက်သွားခဲ့တာ အကြာကြီးလေ..."

"ကိုယ်ထွက်သွားတာ တစ်ပတ်တောင်မပြည့်သေးပါဘူးကွာ"

"တစ်စက္ကန့်တောင် ကလေးနားကမခွာတဲ့သူက အခုလိုအကြာကြီးထွက်သွားတာကို...."

To My GirlfriendWhere stories live. Discover now