Ice-cream

45 6 0
                                    

Ice-cream

အိမ်ထဲကထွက်သွားတဲ့ ဟန်နီကြီးရဲ့နောက်ကိုအိပ်ရာထဲက အသဲအသန်ထပြီးပြေးလိုက်မိတယ်။

"ဟန်နီရေ....."

အိမ်ရှေ့မှာရပ်ထားတဲ့ကားကို လော့ဖွင့်လုဆဲဆဲ ဟန်နီကြီးက ကျွန်မရဲ့ခေါ်သံကြားလို့လှည့်ကြည့်လာခဲ့တယ်လေ။

"ကလေးငယ်....."

ချက်ချင်းပဲ သူမက ကျွန်မဆီပြေးလာပြီးကျွန်မရဲ့ကိုယ်လေးကိုပွေ့ဖက်ထားလိုက်တယ်။ပြီးတော့ ကျွန်မရဲ့ဆံနွယ်လေးတွေကိုပွတ်သပ်ပေးရင်း စကားဆိုလေရဲ့။

"ကိုယ်ရှိတယ်နော် ကလေး....ဒီမှာ.....ဟန်နီကြီးရှိတယ်လေ။စိတ်လျှော့နော်.....အသက်ကိုပုံမှန်ရှူ......ကိုယ့်ကိုကြည့်စမ်း ကလေး...."

ကျွန်မကိုအသဲအသန်သတိပေးစကားဆိုရင်း ဟန်နီကြီးအလုပ်ရှုပ်နေလေရဲ့။တဖြည်းဖြည်းနဲ့သူ့ကိုမှီတွယ်ရင်းပျော့ခွေကျလာတဲ့ကျွန်မကြောင့် သူ့လက်ထဲမှာကိုင်ထားတဲ့ ပစ္စည်းတွေကိုကြမ်းပြင်ပေါ်ပစ်ချလိုက်ရင်း ကျွန်မကိုပွေ့ယူလိုက်တယ်။

ကျွန်မရဲ့ကိုယ်လေးကိုပွေ့ယူပြီး ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်လိုက်တယ်။သူ့ပေါင်ပေါ်တင်ထားရင်း ကျွန်မကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ပြီး ဟန်နီကြီးထိုင်နေခဲ့တယ်လေ။

"ဘယ်လိုဖြစ်ရတာလဲ ကလေးရယ်။မင်းလေးအိပ်ပျော်နေတာမလား"

"ဟန်နီကြီးထွက်သွားတာမမှီလိုက်မှာစိုးပြီး......."

"ကလေးမရယ်.........ကိုယ်အလုပ်သွားတာလေကွာ။ညနေကျရင် ပြန်လာမှာလေ။ကလေးလေးသုံးဖို့ပိုက်ဆံသွားရှာတာလေကွာ"

"အင်းနော်.....ဟန်နီကြီးအလုပ်သွားတာ........ညနေကျရင်ပြန်လာမှာ......ဒါပေမယ့်........"

ကျွန်မရဲ့စကားကိုဆုံးအောင်မပြောနိုင်ပဲ ကျွန်မရဲ့အသံတွေတိမ်ဝင်သွားတယ်။ပြီးတော့ ကျွန်မအသက်ရှူရခက်ခဲလာတယ်။

"ဟောဗျာ.......ကိုယ့်မိန်းမကတော့ကွာ။ကိုယ်ဒီနေ့အလုပ်မသွားမှဖြစ်တော့မယ်ထင်တယ်။ဒီကလေးလေးကို တစ်ယောက်ထဲအိမ်မှာထားခဲ့ဖို့ ကိုယ်ဘယ်လိုစိတ်ချနိုင်တော့မလဲ အချစ်ရယ်"

To My GirlfriendKde žijí příběhy. Začni objevovat