Hurtful

89 10 0
                                    

Hurtful

"လုပ်ရက်လိုက်တာ။ဒါတွေကို မင်းဖျက်ဆီးလိုက်တယ်ပေါ့....ဟုတ်လား....ဟမ်...."

"တောင်းပန်ပါတယ် ဟန်နီ။အဲ့လောက်အထိ မရည်ရွယ်ခဲ့ပါဘူး။အဲ့ဒီနေ့က အရမ်းနာကျင်ကြောက်လန့်နေခဲ့ပြီး လုပ်မိလုပ်ရာတွေလုပ်ခဲ့မိတာ"

"ကိုယ့်ကိုရက်ရက်စက်စက်ဖျက်ဆီးလိုက်တာပဲ ကလေး။ကိုယ်ဒေါသထွက်တယ်။ကိုယ်မုန်းတယ်....ဒါတွေကိုမုန်းတယ်.....ကိုယ့်နဲ့ပတ်သက်သမျှတွေကိုဖျက်ဆီးလိုက်တာမို့ နောက်ထပ်ဘယ်တော့မှ ကိုယ့်အကြောင်းထပ်မရေးနဲ့....မုန်းတယ်။ဒီနေရာကိုထပ်မလာဘူး။နောက်ထပ် မင်းရေးသမျှကို လာမဖတ်ဘူး....ဘယ်တော့မှမဖတ်ဘူး"

သူမက ဒေါသတကြီးအော်ဟစ်နေခဲ့ပြီး ကျွန်မရှေ့ကထွက်သွားခဲ့တာပေါ့။ကျွန်မငိုယိုတောင်း‌ပန်နေပေမယ့် သူနားမထောင်ခဲ့ဘူးလေ။

ကြမ်းပြင်ပေါ်ကို ထိုင်ချလိုက်ရင်း ဆွဲဖြဲထားတဲ့စာအုပ်ထဲက စာရွက်အပိုင်းအစတစ်ချို့ကိုကောက်ယူလိုက်တယ်။ပြီးတော့ တိတ်ခွေရယ်၊ဓါးရယ်ကိုသွားယူလိုက်တယ်။

ကြမ်းပြင်မှာထိုင်ရင်း ကျွန်မဆုတ်ဖြဲထားသမျှစာရွက်အပိုင်းအစတွေကိုပြန်ဆက်နေမိတယ်။ကျွန်မငိုကြွေးနေမိတာ မရပ်တန့်နိုင်ခဲ့ဘူးလေ။ကျွန်မရဲ့ရင်ဘတ်တွေအောင့်နေတယ်။ကျွန်မရဲ့မျက်ရည်တွေကြောင့်အမြင်အာရုံတွေဝေဝါးနေခဲ့တယ်။

တစ်ချက်မှာ ကျွန်မလက်ကိုဓါးရှသွားခဲ့တယ်။သွေးတွေကိုထိုင်ကြည့်ရင်း ကျွန်မငိုနေမိတယ်။

"ကလေးငယ်...."

ကျွန်မဆီကိုပြေးလာပြီး ဒဏ်ရာကိုစိုးရိမ်တကြီးဂရုစိုက်ပေးသူက ဟန်နီကြီးရယ်ပါ။ဒဏ်ရာကိုသန့်စင်ပြီးအသဲအသန်ဆေးထည့်ပေးနေလေရဲ့။

"ကလေးကွာ....သတိထားမှပေါ့"

"ဒီနေရာကိုထပ်မလာဘူးဆို..."

"ကိုယ်တကယ်အဲ့လိုလုပ်နိုင်မယ်ထင်လို့လား ကလေး။ကိုယ့်ဒေါသကြောင့်လျှောက်ပြောမိတာလေ။ကိုယ့်ကလေးကို ပစ်ထားရက်နိုင်ပါ့မလားကွာ"

"ဟန်နီမရှိရင် ကလေး အသက်မရှင်....."

"တိတ်......တိတ်စမ်း ကလေးမ။အဲ့စကားမပြောနဲ့လို့မှာထားတယ်မလား။ကိုယ်မကြိုက်ဘူး ကလေး"

To My GirlfriendTempat cerita menjadi hidup. Temukan sekarang