Chapter 1

10.3K 235 5
                                    

My stepfather became my husband – 1

လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရန် တရားရုံးသို့ရောက်ရှိနေပြီဖြစ်သည်။  ဒေါ်မေမဒီ က ဇေသုတ လက်မောင်းကိုချိတ်ထားရင်း အလှည့်ကျလာဖို့ထိုင်စောင့်လျှက် ။ထိုအချိန်မှာပဲ ဇေသုတ ဆီသို့ဖုန်းကောလ်ဝင်လာသည့်အခါ ဇေသုတ ၏ မျက်နှာကပျက်ယွင်းသွားသည်။ဇေသုတ လည်း  ဒေါ်မေမဒီ ကို ဖုန်းပြောဖို့ ခွင့်ပြုချက်တောင်းရင်း ခပ်လှန်းလှန်း နေရာသို့လျှောက်လာပြီးနောက် ဖုန်းခေါ်ဆိုမှုကို လက်ခံဖြေကြားလိုက်သည်။

“ဖုန်းကိုင်တာ ဒီလောက်ကြာရလား ဂြိုလ်ကောင်ရဲ့”

“သူဘေးနားမှာရှိနေလို့ ခပ်ဝေးဝေးကိုလာနေရလို့ပါ ဒေါ်ဒေါ်”

“နင့်မှာ အမြဲ ဆင်ခြေဆင်လက် တွေအပြည့်နဲ့ အဲ့တာတွေထား နင်အဲ့မိန်းမနဲ့စာချုပ်လက်မှတ်ထိုးပြီးတာနဲ့ငါတို့ဆီကို သိန်းတစ်ရာပို့ပေးနော် ငါငွေလိုနေတယ်”

“ဟုတ် ဒေါ်ဒေါ် ကျွန်တော်မမေ့ပါဘူး မနက်ဖြန်ကျရင်အိမ်ကိုလာပြီးပေးမှာပါ မမ ကလည်း ပေးမယ်လို့ကျွန်တော့်ကိုသေချာပြောထားပါတယ်”

“အမလေးလေး!! အသက်ကြီးကြီးမိန်းမကိုခြူစားဖို့ယူတာတောင် မပိုင်နိုင်သေးဘူး နင်ကလက်ဖြန့်တောင်းတုန်းလား”

ဒေါ်ဒေါ့် စကားကြောင့် ဇေသုတ မျက်နှာလေးညှိုးကျသွားသည်။ဘာဆက်ပြောလို့ပြောရမှန်းမသိစွာနဲ့တိတ်တဆိတ်နေမိတုန်း တစ်ဖက်မှ ဒေါ်ဒေါ်ကဖုန်းချသွားတော့သည်။ဖုန်းပြောပြီးတာနဲ့  ဒေါ်မေမဒီ ဆီပြန်လာပြီး သူမနံဘေးမှာဝင်ထိုင်ကာ

“မောင် ဘယ်သူလဲ…”

“ဟို ဦးလေး ဆေးရုံတက်နေရတယ်ဆိုတဲ့ကိစ္စလေ မမ  အဲ့တာ ဆေးရုံစရိတ် လှမ်းတောင်းတာ “

“အရေးတကြီးလိုပြီလား မောင်….. မ* အခု bank account transfer  လုပ်ပေးရမလား”

“ရ …. ရပါတယ်မမ ကျွန်တော် မနက်ဖြန်မှပဲ ဆေးရုံကိုသွားပို့လိုက်ပါ့မယ်”

ဇေသုတ အတတ်နိုင်ဆုံး မျက်နှာကိုပြုံးထားသည်။သူ့စိတ်ထဲ၌ တကယ်ကိုအဆင်ပြေမနေပါ။ ဇေသုတ လိုလူတစ်ယောက်က ကိုယ့်ထက် အသက် 20 ကျော်လောက်ကြီးသည့်အမျိုးသမီးကိုခြူစားရန် လက်ထပ်ရမည်။ဒီလိုမလုပ်လို့မဖြစ်သည့်အခြေအနေကြောင့်လည်းပါ၏။ ဒေါ်ဒေါ်နဲ့ ဦးလေးရဲ့ ဖိအားပေးမှုတွေကြောင့် ဇေသုတ သာ ထိုသို့မလုပ်ရင် ဇေသုတ ကို သူတို့က ဒုက္ခရောက်အောင် အရှက်ခွဲကြမည်ဖြစ်သည်။

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now