Chapter 3

3.7K 171 7
                                    

My stepfather became my husband – 3

ဖြိုးသက်လင်း စကားကြောင့် အတ္တ တော်တော်လေး အတွေးထဲနစ်မျောမိသွားသည်။ဖြိုးသက်လင်း ရဲ့ ပုခုံးကိုတွန်းလိုက်ရင်း အတ္တ အနောက်ကိုခုံကိုမှီချလိုက်သည်။တွေလေလေဖြစ်နေသည်ကြောင့် အတွေးထဲ တော်တော်လေးရှုပ်ထွေးလျှက်

“မင်းက လွန်းဇေသုတ ကိုချစ်နေတာလား”

“ ချစ်နေတာမဟုတ်ဘူးကွာ ဒီအတိုင်း ဘုချင်စရာလေးဖြစ်နေလို့ပြောလိုက်တာ  ကြိုက်တော့ကြိုက်တယ် သူ့မျက်နှာ သူ့ခန္ဓာကိုယ်က အသေကုန်လှတာကွ…”

ဖြိုးသက်လင်း က သူ့စကားကို ထပ်ပြောနေစဲပင်။အတ္တ ကတော့ အဲ့ဒီလူကို လှတယ်လို့လည်းမတွေးဖူးဘူး ကြိုက်တယ်ဆိုတဲ့အတွေးလည်းမရှိဖူးဘူး။ ဒီအတိုင်း မုန်းပြီးရွံတဲ့ခံစားချက်ပဲရှိတာဖြစ်သည်။ ဇေသုတ က ဒီအတိုင်း သူ့အမြင်မှာတော့ ပိုင်းလုံးတစ်ယောက် အပျော်လင်တစ်ယောက် နိမ့်ကျတဲ့လူ၊ ချမ်းသာဖို့သူကောင်းစားဖို့ကိုသာထည့်တွက်ပြီး သူများမိသားစုကို ဖျက်ဆီးတဲ့သူပဲ ။ အတ္တ အဲ့လူကိုမုန်းတယ်

ဖြိုးသက်လင်း စကားတွေဟာ အဓိပ္ပာယ်မရှိတာကြောင့် အတ္တ စာကိုပဲအာရုံစိုက်နေခဲ့သည်။နေ့လည်ထမင်းစားချိန်ပြီးတာနဲ့  အိမ်ကိုပြန်လာခဲ့တော့ ထိုလူက ဧည့်ခန်းမှာ အတ္တ ကိုစောင့်မေသလိုမျိုး၊ အဝတ်အစား ကောင်းတွေဝတ်ထား၏။

“ပြန်လာပြီပဲ ရေမချိုးခင် ရေအရင်သောက်ပြီး ခဏနားလိုက်”

“မလိုပါဘူး ခင်ဗျားပြောတာ 1 နာရီမလား မမီဘဲနေလိမ့်မယ်”

ပွဲချိန်က နှစ်နာရီမှ စမှာ အဲ့တာကြောင့် အေးအေးဆေးဆေးနားပြီး မှ ရေချိုးလိုက် အတ္တ. ..”

ဇေသုတ စကားကိုဘာမှမတုံ့ပြန်ဘဲ အပေါ်ထပ်သို့တက်သွားသည်။ နေပူထဲကပြန်လာတာ အင်္ကျီရဲ့ကျောပြင်မှာချွေးတွေစိုနေတာ ကိုတောင်တွေ့နေရသည်။ ချက်ချင်းရေတန်းချိုးပစ်မှာကို သိတ်ပူတာကြောင့် သူတက်သွားပြီး မကြာဘူး ဇေသုတ ပါအပေါ်ထပ်သို့တက်လာခဲ့သည်။

အခန်းတံခါးကိုဖွင့်လိုက်တုန်း အတ္တ ကသူ့အဝတ်အစားတွေအကုန်လုံးကိုချွတ်ပြီးနေပြီဖြစ်၏။ဇေသုတ ကလည်းစိတ်ပူလွန်နေတာကြောင့် တံခါးခေါက်ဖို့မေ့သွားခဲ့တာပင် အဝတ်အစားမရှိတော့သည့် ခန္ဓာကိုယ်နှင့် ဇေသုတ ကို သူက ရုတ်တရက်စိုက်ကြည့်နေ၏။

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now