Chapter 12

3.3K 151 7
                                    

My stepfather became my husband - 12

သူ့ထက်ဆယ်နှစ်ငယ်နေတယ်ဆိုရင် ဇေသုတ က အသက် 9 နှစ်သာသာ ရှိဦးမည်။ဘယ်လိုပေါက်ကရစကားကြီးလဲဆိုကာ ဇေသုတ အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။တကယ်ပဲ သူကကလေးကလားဖြစ်နေလားမသိ။ထို့ကြောင့် မှန်ဘက်သို့ပြန်လှည့်ရင်းကြည့်မိပြန်သည်။ အင်္ကျီလက်ကရှည်လွန်းတာကြောင့် သူ့လက်ဖျားလေးတွေကိုတောင် မမြင်ရတော့ပေ။ ခါးကလည်းရှည်လွန်းပြီး သူဝတ်ထားတဲ့ပေါင်တိုဘောင်းဘီ အောက်နားစ လေးသာမြင်ရတော့သည်။

ဇေသုတ ခြေဖဝါးလေးက တစ်ဖက်က ခြေဖမိုးလေးပေါ်ထပ်လိုက်ပြီး ပွတ်သပ်မိ၏။သူတကယ်ပဲ ကြည့်ရဆိုးနေသည်ပဲ

"ပြန်ချွတ်ပေး"

"ဘာလို့လဲ ဦးကကျွန်တော့်အင်္ကျီကိုဝတ်ရတာကြိုက်တယ်မလား"

"မကြိုက်ဘူး ပြန်ချွတ်ပေး...."

အတ္တ ကတော့ လက်ပိုက်လိုက်ပြီး ဇေသုတ ကိုငုံ့ကြည့်လာသည်။ ခေါင်းတစ်လုံးစာ မြင့်သည်ဟု ဆိုထားသော်လည်း တစ်ရက်ခြားတစ်ခါ အတ္တ ဟာ အရပ်ရှည်လျှားလွန်းလာသည်။အခုဆို ဇေသုတ ရဲ့ပုခုံးဟာ သူ့ရင်ညွှန့် လောက်ပဲရှိတော့၏။

"မင်း.... "

ဇေသုတ မျက်နှာ ရဲလာပြီး ပူတက်လာ၏။အင်္ကျီကြယ်သီးကို အလျှင်အမြန်ချွတ်ပစ်လိုက်တော့လက်တွေကို တားဆီးလာသည့်ခပ်ကြီးကြီး လက်တစ်စုံ ဇေသုတ လက်နှစ်ဖက်လုံးကို ခေါင်းပေါ်မြှောက်ပစ်ပြီး မှန်သို့ကပ်ပစ်စေသည်။ လက်နှစ်ဖက်လုံးရုန်းမရသည့်အခြေအနေ၌ ဇေသုတ မျက်လုံးလေးများဖြင့်လှန်ကြည့်ရင်း နှုတ်ခမ်းဟာ ဆူထော်လာကာ

"ဘာလုပ်တာလဲ....မင်းကလူကောင်ကြီးလာတယ်ဆိုပြီး ငါ့ကိုအနိုင်ကျင့်တာလား"

"နမ်းချင်လို့ ပြွတ်....."

အတ္တ ရဲ့အနမ်းတွေကို မငြင်းဆန်နိုင်ခဲ့ပါ။ငြင်းဆန်လိုစိတ်လည်းမရှိခဲ့ပေ။ အနမ်းတွေ အောက်ညံ့သက်ရတာသူကိုယ်တိုင်ဖြစ်သည်။ အတ္တ ကိုသူသဘောကျသည်။ရင်ခုန်၏ သို့ပေမဲ့ ဒီစကားတွေအား သူဘယ်တော့မှ ထုတ်ပြောရဲမှာ မဟုတ်ပေ။

※※※※

20 ကျော် 21 နှစ်အတွင်းမှာ အတ္တ ကျောင်းပြီးခဲ့ပြီး အလုပ်ကိုသာအချိန်ပေးတော့သည်။ကုမ္ပဏီ တစ်ခုလုံးကိုဦးစီးနေတာ တစ်နှစ်ကျော်ပြီဖြစ်ပြီး အခုလိုကျောင်းတစ်ဖက်အလုပ်တစ်ဖက်မဟုတ်တော့ အတ္တ ကအလုပ်ကိုပဲ ဦးစားပေးလုပ်ကိုင်ပြီး အချိန်သေသေချာချာပေးနိုင်နေပြီဖြစ်သည်။

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now