Chapter 28

2.9K 139 4
                                    

My stepfather became my husband – 28

အတ္တ က ဖုန်းထုတ်ရင်း ထိုသီချင်းကို ဖွင့်ပြလာသည်။ သီချင်းစလာသည်နှင့်စွဲမက်စရာကောင်းသည့်အသံကိုသတိပြုမိပါသည်။ သိချင်းစာသားတစ်ခုဆီတိုင်းက သူတို့နှစ်ယောက်ကြားက အဖြစ်အပျက်အနည်းငယ်ကို မီးထိုးပြနေသလို မျိုးပင် ။ဇေသုတ မျက်နှာပြောင်တိုက်ပြီး cigarette ကိုမီးညှိပေးဆိုသည့်စကားကို ပြောခဲ့ဖူးတော့ ဇေသုတ မျက်နှာပူတက်လာ၏။

“တော်သေးတာပေါ့ ကျွန်တော်ကတော့ခင်ဗျားကိုပြန်ရှာတွေ့ခဲ့တယ် …..”

အတ္တ က ဇေသုတ ကို သူ့ရင်ခွင်ထဲဆွဲထည့်ပစ်လိုက်တော့သည်။ သူထွက်သွားခဲ့တဲ့ တစ်လျှောက်လုံး အတ္တ ကိုသူ့ကိုရှာဖွေခဲ့တယ် ဆိုတာသိရတော့ သူနောင်တရမိပြန်သည်။ သူကတကယ်သူရဲဘောကြောင်တဲ့လူ ပါပဲလား။ ဒီလူငယ်လေးကို အမြဲ စိတ်ညစ်စရာတွေ ပူပန်မှုတွေပဲပေးနေမိခဲ့တယ်။

ဇေသုတ သူ့ရင်ခွင်ထဲ မှီလျှက် ထိုင်နေခဲ့ရာမှ အတ္တ ရဲ့နဲ့ မြန်ဆန်နေသည့် နှလုံးခုန်သံကိုကြားနေရသည်။မြန်ဆန်ပြီး ထွက်ကျတော့မတတ်ပါဘဲ။ ဇေသုတ လက်မောင်းတွေကိုဖျစ်ညစ်ရင်း အတ္တ ရဲ့အသက်ရှူသံပြင်းပြင်းကိုလည်းကြားနေသေးသည်။

“ကိုယ်ထွက်မပြေးတော့ဘူး တစ်ခုခုဆို မင်းကိုယုံကြည်ပြီး မင်းအပေါ်မှီခိုပါ့မယ် အတ္တ…. မင်းကကိုယ့်ကို ကာကွယ်ပေးမယ်ဆိုရင် ကိုယိမင်းအရိပ်အောက်မှာ နေမယ် နေချင်တယ် နော်….”

“ဟုတ်တယ် ဦးကိုကျွန်တော် အဆုံးထိကာကွယ်ပေးသွားမှာ….”

နှစ်ယောက်သားလက်ချင်းချိတ်လျှက် ခြံဲလျှောက်လှမ်းနေရင်းခြံတံခါး ဝထိရောက်လာခဲ့သည်။ အပြင်ဘက်မှာ မောင်းသံနှင့် အတူ အချဥ်ပေါင်းဆိုသည့်အသံကြောင့် ဇေသုတ ခြေလှမ်းတွေရပ်တန့်ကာဖြင့်

“အ…အတ္တ ကိုယ့်ကို ပိုက်ဆံနည်းနည်းလောက်ပေးပါလားဟင်”

“ဦးဘယ်လောက်လိုချင်လဲ လိုချင်သလောက်သာပြော”

“1000 လောက်”

“ တစ်…တစ်ထောင်…..”

ဇေသုတ လိုချင်ပါသည်ဆိုလျှင် ကားအစီးတစ်ရာလည်းဝယ်ပေးနိုင်သည်။ တိုက် အလုံး တစ်ထောင်လည်း ဝယ်ပေးနိုင်သည်။ကျွန်ပေါင်း ဆယ်ကျွန် ထက်ပိုပြီး တောင်ဝယ်နိုင်ပါသေးသည်။သို့ပေမဲ့ တစ်ထောင်ဆိုတဲ့ ပမာဏကြောင့် ကြောင်အမ်းမိသွားသည်။

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now