Chapter 7

3.6K 164 5
                                    

My stepfather became my husband - 7

အတ္တ နေ့တစ်ဝက် အတန်းကိုအမီလာခဲ့ပြီး အတန်းထဲဝင်ထိုင်လိုက်သည်။ညက ပါတီမှာ ဖြစ်သွားတဲ့အဖြစ်အပျက်တွေကို ဘယ်သူကမှ မမှတ်မိကြဘူးလို့ ဖြိုးသက်လင်း ကပြောလာသည်။ဘာလို့လဲ ဆိုတော့အကုန်လုံးက ဆေးကွဲနေတာ၊ မူးနေတဲ့သူတွေပဲလို့ပြောသည်။ ထို့ကြောင့် ညက ကိစ္စကို ဖြိုးသက်လင်း နဲ့ လူအနည်းငယ်ပဲသိပြီး လူတိုင်းကဒီကိစ္စကို အရမ်းကြီး Serious မဖြစ်ကြပေ

"မင်းဒီမနက်ရော အဆူခံရသေးလား "

" ညက ငါသောက်တာ များသွားတယ် ဖြိုးသက်လင်း..."

"အင်း မင်းLimit ကျော်သွားတယ် ဒါပေမဲ့ ရုပ်မဆိုးပါဘူးကွာ"

"ငါသူနဲ့အိပ်လိုက်မိတယ်"

"ဘယ်သူ....? လွန်းဇေသုတ..? "

"အင်း..."

"ဟာ မင်းကလည်း မင်းဟာကမဟုတ်ပါဘူးကွာ...."

ပြောရရင် ဖြိုးသက်လင်း က ဇေသုတ ကို crush နေတာမျိုးဖြစ်သည်။ဒါ့ကြောင့် ဒီကိစ္စကိကြားတော့ သူ့မျက်နှာက ချဥ်စူးစူးဖြစ်လို့နေသည်။

"ဇေသုတ က .... သူမင်းကို ဘာပြောလဲ"

"မေ့လိုက်တဲ့..... ငါမေ့လို့မရဘူး ငါမှားမှန်းလည်း သိတယ် ဒါပေမဲ့ ..."

အတ္တ ဆံပင်တွေကိုလက်နဲ့ ဖွပစ်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပစ်ကာ အသက်ပြင်းပြင်းရှူလိုက်၏။

"ငါစွဲလမ်းသွားတယ်..."

ဖြိုးသက်လင်း က အတ္တ ရဲ့ပုခုံးကိုပုတ်ပြီးနှစ်သိပ်လာသည်။အတ္တ လည်းခေါင်းတဆက်ဆက်ငြိမ့်ရင်း အတွေးတွေထဲ လုံးလည်ချာလည်လိုက်နေသည်။သူနဲ့ ဇေသုတ ရှေ့ဆက်ဘာတွေဖြစ်မလဲဆိုတာ သူမတွေးတက်တော့ဘူး။သူဒီလူနဲ့ အိပ်ရတာကို တကယ်ကိုသဘောကျမိသွားတာဖြစ်သည်။ဒီလူက သူ့ရဲ့ အုပ်ထိန်းသူဖြစ်သလို မာမီရဲ့ယောက်ျားဆိုလည်းမမှားပေ။ သူ ဇေသုတ ကိုချစ်လားဆိုရင် မချစ်ပါ ဒါပေမဲ့ စွဲလမ်းမိသွားခဲ့တယ်။

ဇေသုတ အကြောင်းတွေ ခေါင်းထဲပြည့်နက်လာပြီး အတွေးတွေ ထဲ ဇေသုတ ပုံရိပ်တွေ ကြီးစိုးလာသည်။ထိုလူရဲ့အေးစက်စက် မျက်နှာ ထိုလူရဲ့ တည်ငြိမ်နေတဲ့ မျက်ဝန်းတွေ အပြင် ထိုလူရဲ့ ငိုကြွေးသံတွေ၊ကြောက်ရွံ့နေသည့် မျက်ဝန်းနှင့် တုန်ယင်နေသည့် ခန္ဓာကိုယ်

My stepfather became my Husband (Mpreg)(Complete )Tempat cerita menjadi hidup. Temukan sekarang