Chapter 14

3.2K 181 6
                                    

My stepfather became my husband - 14

ဖြောင်း......!!

အတ္တ ခေါင်းလည်ထွက်သွားသည်။အားပြင်းလွန်းတာကြောင့် နှုတ်ခမ်းထောင့်မှ သွေးတွေဟာဖြာကနည်း

"ရိုက်စမ်းပါ.... ထပ်ရိုက်လိုက်ထပ်ရိုက်လိုက် ကျုပ်ကို...."

ဇေသုတ ရှေ့ ပါးထိုးပေးကာအော်ပြောလာသည်။ဇေသုတ လက်ကလေးအနောက်ကိုဖွက်မိသည်အထိ ရိုက်လိုက်တာကိုနောင်တရမိသည့်အလား တုန်လှုပ်နေသည်။ အတ္တ က မရပ်မနား ထပ်ရိုက်ဖို့ ပါးကိုထိုးအပ်နေ၏။ဇေသုတ ရဲ့ လက်ကို ဆွဲဆောင့်ကိုင်ပြီး ပါးကိုရိုက် ခိုင်းပြန်သည်။ ဇေသုတ မရိုက်သည့်အခါ

"အား.........အား........! အားလုံးကိုဖျက်ဆီးပစ်ချင် အားလုံး ဖျက်ဆီးပစ်ချင်တယ် လို့.....! ီးဘဲ..... ငါ ိုး......!"

ဝုန်း.........
ခလွမ်း........
ခွမ်း.........

အခန်းထဲရှိ ရှိရှိသမျှ ပစ္စည်းတွေကိုရိုက်ခွဲပြီးသောင်းကျန်တော့သည်။သူစိတ်ကြိုက်ရိုက်ခွဲပြီးသည့်အခါ ဇေသုတ ဘက်ကို ရုတ်တရက်ရောက်လာပြီး

"ခင်ဗျား ဖြေလေ ဘယ်ဖအေ နဲ့သား က ိုးကြလို့လဲ...."

"....."

" ဖြေလို့ပြောနေတယ် လွန်းဇေသုတ....."

"တော်တော့ ..... အတ္တ...... မင်းရဲ့ အားနည်းတဲ့ပုံကို ကိုယ့်ရှေ့ ထပ်ထုတ်ပြမနေနဲ့....."

"ဘာ....!"

"ဟုတ်တယ် ကိုယ့်ကိုကာကွယ်မယ်ဟုတ်လား မင်းလိုကောင်ကလား....ကိုယ့်ကို ဘယ်လိုကာကွယ်ပေးမှာလဲ.... ကိုယ်ပျိုးထောင်ပေးလို့ အရွယ်ရောက်လာတဲ့ ကောင်က ကိုယ့်ကိုဘာလုံခြုံမှုပေးနိုင်မှာလဲ..... ဘာ?.... ဖအေနဲ့သားက မ ိုးကြဘူးဟုတ်လား.... မင်းစဥ်းစား...သေချာစဥ်းစားစမ်း ဘယ်သူက ကိုယ့်ကိုမဒိန်းကျင့်ခဲ့တာလဲ..... ကိုယ့်ကိုဘယ်သူကဖျက်ဆီးခဲ့တာလဲ....ဖြေစမ်းမင်း"

အတ္တ ရဲ့ မျက်ဝန်းတွေဟာ ရဲတောက်လို့နေပြီ။ဇေသုတ လည်းထိုနည်းတူ ပင်။မာထန်နေသည့်အကြည့်တွေ အံကိုတင်းတင်းကြိတ်ထားတာကြောင့် သွားကြိတ်သံပင် ထွက်ပေါ်လို့လာနေပြီ။တုန်ယင်ပြီးအားနည်းတဲ့ ခန္ဓာကိုယ်ကိုယ်ရမက ဖုံးကွယ် ရင်းမာထန်လျှက်

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now