Chapter 26

3.2K 164 18
                                    

နာMy stepfather became my husband - 26

ဇေသုတ မျက်လုံးလေးတွေကိုခဏမှိတ်ချလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုချလိုက်၏။ဇေသုတ ပင်ပန်းလွန်းလှပြီဖြစ်သလို အတ္တ အပေါ်ကိုအားနာ၏။သားကိုတစ်ခါလောက် မြင်တွေ့ချင်သော်လည်း သားဆီကို ဇေသုတ ရဲ့ ရောဂါပိုးတွေ ကူးသွားမှာကိုကြောက်ပါသည်။တစ်နာရီလောက်အထိ အတ္တ ဘေးနားလောဘကြီးစွာ ထိုင်နေပြီးနောက်

"ကိုယ် ခဏလောက်အပြင်သွားဦးမယ်"

"ဘယ်အပြင်ကိုလည်း ...."

"ဟိုအပြင်လေ ကိုယ်အပြင်မထွက်ရတာကြာပြီထင်တယ် လေးလံထိုင်းမှိုင်းနေတာမလို့"

မှန်ချပ်ရဲ့ တစ်ဖက်က ပန်းခြံကိုလက်ညိုးထိုးပြရင်းပြောတော့ အတ္တ ကပါအပြင်ကိုကြည့်လျှက်

"တူတူသွားကြမယ်"

"မဟုတ်ဘူး..... ကိုယ်....ကိုယ်တစ်ယောက်တည်းသွားမှာ အတ္တ..."

"ကျုပ်က ခင်ဗျားကိုထပ်ပြီး လွှတ်ပေးလိုက်မယ်လို့တွေးနေတာလား လွန်းဇေသုတ....!"

အတ္တ ရဲ့လေသံဟာ ချက်ချင်းမြင့်တက်လာသည်။ထိုအခါ ဇေသုတ ကိုယ်လေးအနောက်ထိယိုင်ကျသွားကာ တစ်ဖက်သို့မျက်နှာလွှဲလိုက်မိသည်။

"ခင်ဗျား ထွက်ပြေးဖို့ ဘယ်အချိန်ထိ ကြိုးစားနေဦးမှာလဲ .... ကျုပ်ခင်ဗျားရဲ့သားကိုခေါ်ထားတာတောင်် ထွက်ပြေးချင်သေးတာလား ကျုပ်သူ့ကို တစ်ခုခုလုပ်ပစ်မှာမကြောက်ဘူးလား"

"ဇင်းအတ္တမာန်.... သား.....က သားက မင်းရဲ့သားပဲလေ မင်းသားကို ... သားကို....."

"ကျုပ်အဲ့တာတွေဂရုမစိုက်ဘူး ခင်ဗျားထွက်ပြေးရဲပြေးကြည့် ကျုပ်အကုန်ဖျက်ဆီးပစ်မှာ... လွန်းဇေသုတ..."

ဇေသုတ ရဲ့ပုခုံးနှစ်ဖက်ကို ခါယမ်းကာကြိမ်းနေ၏။အတ္တ ဆိုတဲ့လူငယ်လေးက ခြိမ်းခြောက်ရုံပဲ မဟုတ် အမှန်တကယ်လုပ်တတ်သည့်အကျင့်ရှိသည်။သားအတွက် စိတ်ချရပြီလို့ ဇေသုတ တွေးနေခဲ့ပေမဲ့ အတ္တ ဆီမှာရှိတာဟာ ပိုပြီး အန္တရာယ်များတာမျိုးလား.....?

ဇေသုတ မျက်ရည်တွေဟာ အတားအဆီး မရှိ ယိုဖိတ်လာသည်။ဇေသုတ ရွံစရာတစ်ကောင်လို သတ်မှတ်ခံရလည်း ရှိစေတော့ အစကတည်းက ဒီလိုဖြစ်တည်မှုမျိုးပဲမဟုတ်လား.....

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now