Chapter 19

3.1K 176 6
                                    

My stepfather became my husband - 19

ခြေထောက်တွေကခွေကျမတတ် တုန်ရင်လာကာ ကြောက်စိတ်ဟာ တစ်ကိုယ်လုံးကိုဖြန့်ကျက်သွားခဲ့ပြီဖြစ်သည်။မှန်မှတစ်ဆင့် ဇေသုတ ရဲ့လည်တိုင်အား ဝါးမြိုနေသည့်သူကိုကြည့်နေရင်း ဘာမှပြန်မတုံ့ပြန်နိုင်သည့် သူ့ကိုယ်သူကို မုန်းတီးလာမိခဲ့သည်။

ဇေသုတ ရဲ့ခါးကို နောက်သို့ဆွဲပစ်ရင်း ဇေသုတ ရဲ့ဘောင်းဘီအား ဆွဲချွတ်ပစ်လိုက်သည်။ဇေသုတ ဟာ 10နှစ်ကျော်ကြာခဲ့တာတောင် ဒီရပ်ဝန်းကမလွတ်မြောက်နိုင်ခဲ့ပြန်ဘူး

ဇေသုတ ရဲ့ဘောင်းဘီတွေကို ဒူးဆစ်နားအထိ ချွတ်ချပြီး ဇေသုတ ဟာ သူ့အတွက် ကုန်းပေးထားရသဖွယ်ဖြစ်အောင်ပြင်ဆင်သည်။ ဇေသုတ လက်နှစ်ဖက်ကို ‌ေနာက်ပြန်တုပ်ကိုင်ထားပြီး ကျောဖြင့်ကပ်ကာ သူ့ရဲ့ ခါးပတ်ဖြင့် တင်းကြပ်စွာ ချည်နှောင်ပါတော့သည်။ဇေသုတ ရဲ့ပါးပြင်ဟာ ဘေစင်မှကြွေပြားများဖြင့် ထိကပ်နေ၏။ဇေသုတ ရဲ့ခေါင်းကိုဖိနှိပ်ထားတာကြောင့်ပါးရိုးတွေကျိုးကြေမတတ်ခံစားနာကျင်နေရပါသည်။

ကျွီ........!!

"တောက်....!"

ခွပ်....ခွပ်.....ဝုန်း..... ဝုန်း ..... ခွပ်.....!

ထိုအသံတွေနဲ့အတူ ဇေသုတ ရဲ့ခေါင်းပေါ်က လက်တစ်စုံဟာလစ်ဟာသွားသည်။ဇေသုတ က်ိုကယ်တင်မဲ့သူဟာပေါ်ပေါက်လာခဲ့သည်လား ဇေသုတ အလျှင်အမြန်ကုန်းထရင်း ဘေးနားက Toilet ခန်းအတွင်း ဝင်ကာ ပုန်းကွယ်ထားမိသည်။လက်နှစ်ဖက်လုံး ချုပ်နှောင်ခံထားရတာကြောင့် ချက်ချင်းဘောင်းဘီကို ဆွဲဝတ်နိုင်ခြင်း မရှိခဲ့ပေ။

"ခွေးသား မင်းနဲ့ဘာဆိုင်လို့ မင်းက....အာ့..."

ခွပ် ..... ခွပ်.......

"မင်းငါဘာကောင်လဲ မသိလို့လား....."

ခွပ်.....!

"အာ့.... လီး.... အာ့....အု..."

ထိုလူ့ပေါ်သို့ ခြေထောက်ကန်ချက်တွေ ထပ်ရောက်လာသည်။ဘေးတစ်စောင်းဖြစ်သွားတဲ့ သူ့ကိုယ်ပေါ် ထိုလူငယ်လေးဟာ ရင်ဘက်ကို တည် ပြီးအားဖြင့်ကန်သည်။ ဖိနပ် အောက်ခံ အမာနဲ့ တည်ပြီးကန်တာကြောင့် ထိုလူက ပါးစပ်ကပင်သွေးထွက်လာသည်အထိပင်

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now