Chapter 21

2.9K 182 19
                                    

My stepfather became my husband - 21

ဇေသုတ မျက်လုံးတွေ ပွင့်ဟလာသည့်အခါ၌ ဆေးရုံအငွေ့အသက်ကို ပထမဆုံးခံစားလိုက်ရသည်။ ဆေးနံ့တွေကြောင့် ချက်ချင်းဆိုသလို အော့အန်ချင်လာပြီးတဆက်တည်းမှာပဲ ခေါင်းတွေက မူးဝေလာတော့သည်။

"နိုးပြီလား ကျွန်တော်ဆရာဝန်သွားခေါ်ပေးပါ့မယ်"

အသံကြားရာသို့လှည့်ကြည့်တော့ အသက်ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်။အသားညိုညို နှင့် ထိုကောင်လေးကသွက်လက်ဟန်ပေါ်သည်။ခဏနေပြီးနောက် သူနဲ့အတူ ဆရာဝန်ပါလာပြီး ဇေသုတ ရဲ့အခြေအနေကို စစ်ဆေးကာဖြင့်

"ဒီလောက်နေပူကြီးထဲ ဖိနပ်မပါဘဲ ဘာလို့ပြေးခဲ့တာလဲ ခြေထောက်တစ်ခုလုံး ဒဏ်ရာတွေ များတယ် လူနာ .... နောက်ပြီး မင်းဆီမှာ ဆက်သွယ် စရာရယ်လို့ဘာမှမတွေ့ဘူး"

"...."

"မင်းနာမည် ဘယ်လိုခေါ်လဲ"

ဆရာဝန်ရဲ့အမေးကို ဇေသုတ ကြန်မဖြေဘဲ တွန့်ဆုတ်နေခဲ့သည်။ ဇေသုတ နာမည်ကိုသိသွားရင် ဘယ်သူလဲဆိုတာကို သိသွားမှာကြောက်တာကြောင့်ပင်။ ဇေသုတ ကပြန်မဖြေတော့ ယာယီ မှတ်ဥာဏ်ပျောက်သွားကြောင်း တခြား ဒဏ်ရာတွေတော့မရှိကြောင့် ပြောကာ ဆေးရုံကဆင်းလို့ရပြီဟုပြောသွားသည်။

"ကျွန်တော့်နာမည်က ကမ္ဘာ ပါ အသက်က 18 ပါဗျ"

"....."

"ကျွန်တော့်ထက်ငယ်မယ်ထင်တယ်"

"ဟင့်အင်း..."

"ဒါဆို ကျွန်တော့်ထက်အသက်ကြီးတာပေါ့နော်"

ဟုမေးလာတော့ ဇေသုတ ခေါင်းငြိမ့်ပြသည်။ထို့နောက် ဘယ်မှာနေကြောင်း ဘာအလုပ်လုပ်ကြောင်းတွေကအစ မေးသည်အခါ ဇေသုတ ကတော့ တစ်ခုမှ ပြန်ဖြေခဲ့ခြင်းမရှိခဲ့ပေ။

"ဟင်း...အစ်ကို့ကြည့်ရတာ ဘယ်မှသွားစရာရှိတဲ့ပုံလည်း မပေါ်ဘူး ကျွန်တော်နဲ့လိုက်နေမလား ကျွန်တော့်အိမ်က နည်းနည်းချောင်ကျတဲ့နေရာမှာရှိတယ် နှစ်ယောက်နေလို့တော့ရတယ်...."

ထိုကောင်လေးက delivery uniform ဝတ်ထားတာဖြစ်ပြီးငယ်ရွယ်ဖျက်လတ်ပုံလေးလည်းထင်းလျှက်ပင်။ တစ်နေကုန် Deli ပို့ပြီး အခုမှပြန်ရောက်လာတာဖြစ်သည်။
ဇေသုတ လည်း သွားစရာမရှိသည့်တိုင် ထိုကောင်လေးရဲ့အကူအညီကိုယူပြီး နေကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ဇေသုတ တို့ဆေးရုံ ဆင်းလာခဲ့ပြီးနောက် ကမ္ဘာ ရဲ့အိမ်ကိုလိုက်လာခဲ့ပါသည်။

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now