Chapter 27

3K 155 8
                                    

My stepfather became my husband – 27

ဇေသုတ မျက်ဝန်းတွေအားစိုက်ကြည့်ရင်း အတ္တ က ဇေသုတ ရဲ့နှုတ်ခမ်းလေးကိုထပ်မံနမ်းရှိုက်ပြန်၏။ဇေသုတ ကလည်း အတ္တ ရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်နေတာအကြည့်လုံးဝ မရွေ့ပါဘဲလေ

“ချစ်…ချစ်တယ် …. ကိုယ်နဲ့မထိုက်တန်ဘူးဆိုပေမဲ့ ကိုယ်မင်းကို အတ္တ….”

“ဟင်း…. မလိုဘူး ဘာမှမလိုဘူး ဦး ကကျွန်တော့်ကိုချစ်ဖို့ပဲလိုတာ “

“ချစ်တယ် ကိုယ်မင်းကို အများကြီးချစ်တယ်….. မင်ထင်ထားတာထက်ပိုချစ်တယ် အတ္တ…..မင်းကကိုယ့်ဘဝ ပဲ….”

“ထပ်ပြောပေး ထပ်ပြောပေးပါဦး ..ဦးရယ်”

“ချစ်တယ် စတွေ့ကတည်းက စချစ်မိခဲ့တာ အဲ့အချိန်ကတည်းကမို့….”

“ဟာ့….. အချိန်တွေဘယ်လောက်တောင်ဖြုန်းမိခဲ့တာလဲ….. ဟင်….”

“တောင်းပန်ပါတယ်….”

“ဟင့်အင်း အဲ့အစား ဦးကချစ်ပေးပါ ….ကျွန်တော့်အတွက်ပဲတွေးပေးပါ ကျွန်တော်က ဦးကိုချစ်ရရင် ဦးကကျွန်တော့်ကိုချစ်နေရင် ရပြီ အရာအားလုံးဘာတစ်ခုမှ မလိုအပ်ဘူး မလို့….”

နဖူးချင်းထိကပ်ထားရင်း လက်တွေကိုယှက်တွယ်ထားရင်း ရင်ထဲက ဆန္ဒကိုတောင်းဆိုသည့်အခါ ဦးက ခေါင်းငြိမ့်ကာလက်ခံပေးခဲ့သည်။ ဦးဆီမှ ချစ်တယ်ဆိုသည့်စကားကြောင့် အတ္တ မျက်ဝန်းထဲကမျက်ရည်တွေကအိုင်ထွန်းလာ၏။ ချစ်တယ် ဦးက သူ့ကိုချစ်နေတယ်ဆိုတာကိုသိရတာ ဒီလောက် ပျော်စရာကောင်းမယ်လို့ မထင်ထားခဲ့ဘူး။မဟုတ်ဘူး ထင်ထားတာထက်ပိုပြီးပျော်စရာကောင်းတယ်

“ရေချိုးတော့မယ်လေ ခဏနေရင် သားကိုလည်းတွေ့ကြမယ်”

“ဟုတ် ဦးကိုကျွန်တော် ရေချိုးပေးမယ်”

“မဟုတ်….”

ချက်ချင်းဆိုသလို ဇေသုတ ကိုပွေ့ချီပစ်တာကြောင့် ရုတ်တရက်လန့်သွားကာ အတ္တ ရဲ့ လည်တိုင်ကို ဖက်လိုက်၏။ အတ္တ ရဲ့မျက်ဝန်လေးတွေဟာ လင်းလက်နေပြီး ပျော်ရွင်နေကြောင်းပြသနေခဲ့သည်။စိတ်ကိုဖွင့်ပြီး ဇေသုတ အပေါ်ကို အရာရာသိမြင်အောင် ပြသနေသယောင်ပင်။ အတ္တ က သူထင်ထားသလို မုန်းနေတာမျိုးလည်းမရှိဘဲ နာကျဥ်းနေခြင်းမျိုးလည်း မဟုတ်။ အတ္တ ဟာ ဇေသုတ က အတ္တ ကိုလိုအပ်ခဲ့သလိုမျိုး ဇေသုတ ကို လိုအပ်နေတာဖြစ်သည်။ ရင်ခွင်ထဲ မှီချလိုက်ပြီး အသက်ကို ဖြောင့်ဖြောင့် ရှူသွင်းနိုင်ခဲ့သည်။

My stepfather became my Husband (Mpreg)(Complete )Donde viven las historias. Descúbrelo ahora