Chapter 13

3.1K 167 12
                                    

My stepfather became my husband - 13

ဒေါ်ဒေါ်လက်ကနေ ရုန်းထွက်နိုင်ခဲ့ပြီ။ဒေါ်ဒေါ့်ကို နိုင်မဲ့ ဝှက်ဖဲကို လည်းရရှိနေပြီ။ ရွံမုန်းစရာအတိတ်တွေကို ဖော်ထုတ်မည်ဟု ခြိမ်းခြောက်သံတွေကိုလည်း ထပ်ပြီး ကြားရမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ဇေသုတ ပျော်မနေခဲ့ဘူး အဲ့အစား တစ်ဆစ်ဆစ်နဲ့ နာကျင်နေခဲ့သည်။

ကားဆက်မမောင်းနိုင်တော့တာကြောင့် ကားစက်သက်လိုက်ပြီး ထိုနေရာမှာတင်ခြုံးပွဲချငိုမိ၏။ဘယ်အရာဟာ နာကျင်စရာကောင်းလဲ ။သူကဘယ်နေရာကစမှားခဲ့သလဲ

မေမေ့အားမုန်းတီးမိသည်။အဖေဘယ်သူမှန်းတောင်မသိဘဲ မွေးဖွားခံခဲ့ရတာကိုမုန်းသည်။မကောင်းတာလုပ်စားခဲ့သည့် မေမေ့ကိုပိုမုန်းသည်။မေမေ့ကြောင့် သူကမေမေ့ခြေရာအတိုင်း နင်းခဲ့ရပြန်သည်။ ဘယ်သူမှန်းတောင်မသိရတဲ့ အဖေကိုလည်းမုန်းတယ်။မွေးဖွားပေးခဲ့တဲ့ အမေ့ကိုလည်းမုန်းတယ်။ရှင်သန်ခဲ့ရတဲ့ သူ့ကိုယ်သူလည်းမုန်းတယ်။

သူ့ဘဝကို စတင်ဖျက်ဆီးခဲ့သည့် သက်ဝေမိုး ကိုလည်း မုန်းပါသည်။အတ္တ အားချစ်ခဲ့မိသည့် နှလုံးသားကိုလည်းမုန်းသည်။

ဇေသုတ နှလုံးဟာ အသက်ရှူဖို့အလုပ်မလုပ်နိုင်သည်အထိ ချုံးပွဲချငို နေမိ၏။မျက်ရည်တွေဟာ တာကျိုးသလို ဖိတ်ယိုကျလာပြီး သူ့တစ်ကိုယ် တုန်ယင်လို့လာ၏။

"အင့်...အင့်....အား.... အင်း....အီး...."

"အင့် ဟင့်! အင့်....အား....."

ဇေသုတ နှုတ်ခမ်းတွေဟာ တဆတ်ဆတ်
တုန်လို့။အသံတွေဝင်သည်အထိ အော် ဟစ်ငိုကြွေးမိပြန်သည်။ဘာကိုနောင်တအရဆုံးလဲဆိုလျှင် ရှင်သန်ဖို့ကြိုးစားမိခဲ့တာကို သိပ်နောင်တရပါ၏။

ဒေါက် ဒေါက် ဒေါက်

မှောင်ပြပြ မီးရောင်အောက် ကားရပ်ထားရင်း အပြင်ဘက်ကနေ ကားမှန်ကိုတဒေါက်ဒေါက်လာခေါက်၏။ကားမှန်းကို အနည်းငယ်လောက်ချလိုက်သည့်အခါ လေဟာနယ်မှတဆင့် အသံတွေထွက်ပေါ်လာသည်။

"လွန်း.....လွန်းဇေသုတ.....လွန်း....."

"အ......အတ္တ...."

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now