Chapter 24

3.2K 169 13
                                    

My stepfather became my husband - 24

ကိုဇွဲ နဲ့အတူ ကလေးအတွက် သီးသန့်လုပ်ထားသည့် အခန်းအတွင်းသို့ဝင်လာခဲ့သည်။ကလေးက ချစ်စရာကောင်းလှသည်။အိပ်ပျော်နေသည့် ကလေးသည် လက်တွေက မျက်နှာကို ဖိထားဟန်ဖြင့် အနှီးထုပ်ထဲ၌ အိပ်လို့နေသည်။မျက်နှာလေးနှင့် တစ်ကိုယ်လုံးက နီရဲနေ၏။ အခုမှ မိခင်ဝမ်းကကျွတ်တာကြောင့်ထင်သည်။ဆံပင်လေးတွေကထူပိန်းနေပြီး မျက်ခုံးမွေးတန်းတန်းလေး နှင့် အိပ်နေတာတောင် မျက်မှောင်ကုတ်လျှက်သားလေးနှင့်ပင် ဘာကိုအလိုမကျနေလဲတော့မသိ။

သားလက်ကလေးဟာ အတ္တ လက်ညိုးနှင့် လက်မ ညှပ်ပြီး ကိုင်ကြည့်တော့အတော်လေးသေးသည်။ သားကိုကြည့်နေရင်း နှာခေါင်းထဲ ဆူးတက်လာကာ မျက်ရည်ဝိုင်းလာပြန်သည်။ သူ့ရှေ့၌ ရှိနေသည့် ဤ လူမမယ် ကလေးလေးဟာ သူ့ရဲ့သားလေးတဲ့လေ။ ဇေသုတ ကိုယ်တိုင်မွေးပေးထားတဲ့ သားလေး။

သား လေးက အလေးချိန်တောင်မပြည့်ဘူးဟုပြောသည်။မည်မျှတောင်အာဟာရချို့တဲ့ခဲ့သလဲ အတ္တ မတွေးတတ်တော့ပါ။ အတ္တ နှာတရှုံ့ရှုံ့ဖြင့် တစ်ဖက်အဆောင်မှာ ရှိနေမည် ဇေသုတ စိတ်ပူလာမိသည်။သို့ပေမဲ့ ဤမျှလောက် ပိန်ကပ်နေသည့် ခန္ဓာကိုယ်အား အတ္တ မမြင်ချင်ပါ။မတွေ့ချင်ပါ အတ္တ သာ အပြင်မှာ သေသေချာချာ တွေ့မိရင် ရူးသွားမည်လားတောင်မသိတော့ပေ။

အိပ်နေသည့် သားလေးရဲ့ လက်ကလေးကိုကိုင်ထားရာမှ လွှတ်လိုက်ပြီး တစ်ဖက်ပြတင်းပေါက်သွားကာ ငိုကြွေးမိပြန်သည်။ ဤကဲ့သို့သောအခြေအနေတွေဟာ အတ္တ ရဲ့အပြစ်တွေချည့်သာပင်။ သေသေချာချာဆွဲထားရမည့်လက်အား မဆွဲထားမိခဲ့သလို လိုက်ရှာဖွေဖို့ရာ အချိန်ဆွဲခဲ့မိသည်။ နာကျင်စရာတွေပေးခဲ့တဲ့သူဟာ အတ္တ သာပင်။

နာကျဥ်းရင် နာကျဥ်းနေလောက်မည်။အဲ့ထက်မက မုန်းတီးနေမည်လားမသိပေ။ ဘယ်လောက်ပဲရှာဖွေခဲ့ပါစေ မတွေ့အောင် ပုန်းနေနိုင်သည့် ဇေသုတအား လေးလည်းလေးစားမိပါသည်။

ဆယ်လလုံးလုံး ဇေသုတ ဘယ်လိုတွေနေထိုင်ခဲ့သလဲ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို သိချင်မိသည်။ TB ရောဂါ ကူးစက်သည်အထိ ဘယ်လိုလူတွေကြားမှာ နေထိုင်ခဲ့ရတာကြောင့်လဲ သည်ရောဂါကိုရော ဘာကြောင့် မကုသနိုင်ခဲ့ရပါသလဲ

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now