Chapter 30(Final)

4.3K 156 5
                                    

My stepfather became my husband – 30(Final)

ရေချိုးခန်းထဲလိုက်မဝင်နဲ့လို့ပြောပေမဲ့ ဂရုမစိုက်သလိုနဲ့ ဝင်လာပြီး ဇေသုတ ရှေ့မှာ အဝတ်တွေချွတ်ပစ်သေးသည်။ ဇေသုတ လည်း လျှစ်လျူရှုလိုက်ရင်း အဝတ်တွေချွတ်ကာ Bathtub ထဲဝင်လိုက်ပြီးမှ ရေဖြည့်နေလိုက်သည်။သက်သောင့်သက်သာ ရေစိမ်နေတုန်း ဇေသုတ အပေါ်သို့ကျလာသည့် အရာတွေကြောင့် မျက်စိဖွင့်ကြည့်တော့ Lily of valley  တွေကို ခြွေချနေတာပင်ဖြစ်သည်။

“အတ္တ….”

“ဦး မွှေးအောင်လို့….”

ပြီးသည့်အခါ နှင့်ဆီနီနီတွေလည်းခြွေချပြန်၏။ Daisy တွေကိုတော့ ရိုးတံလေးသာချိုးပြီး အပွင့်လိုက် ထည့်၏။ Bathtub ထဲ ပန်းတွေနဲ့ပြည့်သွားသည့်အခါ သူက ပါ Bathtub ထဲဝင်လာပြီး ဇေသုတ နဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်၏။ပိုင်ဆိုးပိုင်နှင်းလုပ်နေသည့် ကောင်လေးကိုကြည့်ရင်း  သက်ပြင်းသားချမိသည်။သူ့အရှေ့မှာ ဘာမှမဖြစ်သလို အဝတ်တွေချွတ်ချလိုက်ပေမဲ့ ရှက်နေမိတာ ကိုယ်နှင့် ကိုယ်စောင့်နတ်က အသိဆုံးပင်ဖြစ်၏။

“ဦး…. ပန်းတွေတောင် ဦးလောက်မလှဘူးသိလား”

“မင်း…. ပေါက်ကရတွေပြောမနေနဲ့”

“အမှန်ပြောတာ အလှဆုံးဆိုတဲ့ပန်းတွေ ဝယ်ထားပေမဲ့ ဦးအနားရောက်တောင် ဒုတိယနေရာရောက်ကုန်ရော ဦးကသာ ပထမ “

ဇေသုတ ရဲ့ပုခုံးကို ဆုပ်ကိုင်ရင်း ရေပေါ်မှာ ပေါ်နေသည့် daisy တစ်ပွင့်ကိုယူကာ နားကြားသို့ညှပ်ပေးလာသည့်အခါ

“ဦးကိုသဘောကျတယ် “

“…”

“ဦးကိုပဲ စွဲလမ်းနေမိတယ်…. ဦးကိုပဲချစ်မိပြီး ဦးကလွဲရင် ဘယ်အရာကိုမှ လှတယ် မထင်တော့တဲ့အထိ …. မြတ်နိုးမိသွားတယ်….”

“အတ္တ….. “

“သားလေး 3 နှစ်ပြည့်ရင် လက်ထပ်ကြမလား”

“ဟင်….?”

“အင်း လက်ထပ်ကြမယ် လို့ပြော”

“ဟင်း…”

“မင်းကိုချစ်တယ် ကိုယ်တို့လက်ထပ်ကြမယ်လို့ပြော…. မင်းကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး မင်းကိုပဲချစ်ခဲ့မိတယ်လို့ပြော…. ဦး… ပြောလို့ မင်းကိုချစ်တယ်လို့ပြော…”

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now