Chapter 15

3.1K 164 7
                                    

My stepfather became my husband - 15

ကိုဇွဲ ကိုလှည့်ကြည့်လိုက်တဲ့အချိန် ကိုဇွဲ ကခေါင်းငြိမ့်ပြပြီး အခန်းထဲမှထွက်သွားပေးသည်။ဇေသုတ ဒီကောင်လေးရှေ့မှာ တုန်လှုပ်မနေချင်တာကြောင့် မျက်နှာကိုပြင်ပြီးတင်းထားလိုက်၏။Laptop ကိုပိတ်လိုက်ပြီးနောက် စားပွဲပေါ်က ခြေထောက်ကို အောက်ကိုတွန်းဖယ်ရင်း

"အလုပ်စားပွဲပေါ်ကိုလည်း ခြေထောက်မတင်နဲ့ ဇင်းအတ္တမာန် အလုပ်ကိုလေးလေးစားစားလုပ်စမ်းပါ.....! မင်းကိုယ်မင်းဘာထင်နေတာလဲ"

"ခင်ဗျားကိုကျုပ်မေးရမှာ ခင်ဗျားက ခင်ဗျားကိုယ် ခင်ဗျား ဘာထင်နေတာလဲ ဟမ် ....?"

"ဇင်းအတ္တမာန် ကိုယ်က မင်းရဲ့အုပ်ထိန်းသူဆိုတာကိုမမေ့နဲ့ မင်းရဲ့လုပ်ဆောင်ချက်တွေက ကုမ္ပဏီ ကိုထိခိုက်စေမယ်ဆိုရင် ကိုယ်မင်းကို ဒီအတိုင်း လုပ်ခွင့်ပေးလိုက်မှာမဟုတ်ဘူး...... ဒီ မြေကွက်တွေကို ဝယ်ဖို့ဘယ်သူကမှ မင်းဆုံးဖြတ်ချက်ကိုလက်မခံကြဘူး ....."

"ကျုပ်ကဝယ်မှာ...."

"ဇင်းအတ္တမာန် မင်းကလေးမဆန်စမ်းနဲ့"

"အဟက်....!"

ထိုင်နေရင်း မတ်တပ်ထရပ်လိုက်ပြီး ဇေသုတ အနားသို့ အတင်းတိုးကပ်လာသည်။အတ္တ အရပ်ကြီးကို မိုးထိတိုးမတတ်မို့ ဇေသုတ ကိုအုပ်မိုးလိုက်သလိုမျိုးဖြစ်သွားသည်။

"ကျုပ်ဒီမြေကွက်ကိ ဝယ်ခြင်းမဝယ်ခြင်း ခင်ဗျားနဲ့သက်ဆိုင်နေတယ်ပေါ့"

ခပ်ထေ့ထေ့ပြောလာသူကြောင့် ဇေသုတ က ခေါင်းသာငြိမ့်ပြလိုက်သည်။ထိုအခါ အတ္တ က ဇေသုတ အနားပိုတိုးလာပြီး ဇေသုတ ရဲ့ခါးကိုအတင်းဆွဲပွေ့လိုက်လျှင်

"ကျုပ်နဲ့အလှဲအလှယ် လုပ်ချင်လား လွန်းဇေသုတ..."

"ဘာကိုလဲ အတ္တ... ကိုယ့်ကိုလွှတ်ပြီးပြော"

ဇေသုတ လွှတ်ခိုင်းနေပေမဲ့ မလွှတ်ပေးသာ့် အပြင် နားသို့ တိုးကပ်လာပြီး လေသံဖြင့်

"ဒီမြေကွက်တွေကိုကျုပ်မဝယ်တော့ဘူး အဲ့အစားခင်ဗျားပေါင်တွေကားပေးရမယ် ညတိုင်း ကျုပ်လိုချင်လာတိုင်း ကျုပ်အိပ်ယာပေါ် တက်ပေးရမယ်"

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now