Chapter 20

3.5K 184 10
                                    

My stepfather became my husband - 20

တစ်ပတ်လောက်ထိ အတ္တ ကပေါ်မ
လာခဲ့ပေ။ အဲ့ဒီအစား နန္ဒာ က ဇေသုတ အခန်းတံခါးကိုလာခေါက်ရင်း အတ္တ ရဲ့အဒေါ်တို့လင်မယားရောက်နေပြီဖြစ်ကြောင်းပြောလာခဲ့သည်။ ဒေါ်မေမဒီ ရဲ့ ညီမနဲ့ ဇေသုတ ဟာမရင်းနှီးပါ ထို့အပြင် ထိုအမျိုးသမီးဆီမှ အထင်သေးသည့်အကြည့်တွေကို ဇေသုတ မကြိုက် ထို့ကြောင့် ဆင်းမတွေ့ချင်ခဲ့ပေ။

သို့ပေမဲ့လည်း မကောင်းတတ်တာကြောင့် အောက်ထပ်သို့ဆင်းလာခဲ့သည်။ဇေသုတ ဆင်းလာချင်းချင်း အတ္တ ကပါ အိမ်ပေါက်ဝ ရောက်နေပြီ။သူ့အန်တီလေး ရောက်လာကြောင်းသိပြီးပြန်လာပုံပေါ်၏။

အတ္တ ပထမဆုံး အိမ်ထဲဝင်ဝင်လာချင်း ကိုယ့်ကိုမြင်တာနဲ့ မဝံ့မရဲဖြစ်သွားသူကိုတွေ့လိုက်ရသည့်အခါ သူကိုယ်တိုင်လည်း မျက်နှာမကြည့်ရဲသည့်ခံစားချက်ကြောင့် ဘာသိဘာသာ အန်တီတို့ရှိရာ ဧည့်ခန်းကို ဆက်သွားခဲ့သည်။ထို့နောက် အန်တီနှင့် သူ့အမျိုးသားဖြစ်သူ ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည့်အခါ အန်တီရဲ့ အမျိုးသားဖြစ်သူကိုတွေ့လိုက်ရတော့ လက်သီးဆုပ်ဟာတင်းကနည်းဖြစ်သွားလေသည်။

ဇေသုတ ဟာလည်း မျက်လုံးအဝိုင်းသားဖြင့် တုန်ယင်လာခဲ့လျှင်

"သက်ဝေမိုး......?"

"အတ္တ အန်တီမင်းကို အသိပေးစရာရှိလို့ ရောက်လာတာ"

"ဘာများလဲ အန်တီ"

အတ္တ ဟာ အန်တီ့မျက်နှာကြောင့် ထိုအကောင်ကိုခဏတာ လျစ်လျူ ရှုလိုက်ရင်း ဇေသုတ ဘက်သို့တိုးကပ်ထိုင်လိုက်သည်။ထို့နောက် ဇေသုတ ဟာ အနောက်သို့ မှီ ကာ ထိုင်ရင်း အတ္တ ကတော့ ဇေသုတ ကို ကာပေးသလို အရှေ့သို့ကိုင်းကာ ထိုငိလိုက်၏။ အနောက်မှနေ၍ ဇေသုတ ရဲ့တုန်ယင်နေသည့် လက်ကလေးအား ဖိဆုပ်လျှင်

"အဲ့ကောင်ကို အိမ်ပေါ်က နှင်ချဖို့ကိစ္စပဲ အတ္တ.... ဒီလို ရွံစရာကောင်းတဲ့ ကောင်ကို အိမ်မှာ လက်သင့်ခံထားစရာအကြောင်းမရှိတော့ဘူး။ အန်တီ အဲ့ကောင်အကြောင်းကို စုံစမ်းနေရင်း အကုန်သိခဲ့ရတယ် အဲ့ကောင်က မမကိုပဲခြူစားခဲ့တာမဟုတ်ဘူး...."

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now