Chapter 23

3K 180 23
                                    

My stepfather became my husband - 23

*HIV Positive *

Result ကိုကြည့်နေရင်း ဇေသုတ အသက်ရှုဖို့မေ့လျော့ခဲ့သည်။ စာရွက်ကိုဆုပ်ချေရင်း ခန္ဓာကိုယ်လေးပိုပြီးကြုံ့သွား၏။တဟွတ်ဟွတ် ဆိုးနေသည့် ဒေါ့်ဒေါ့်ဆီကချောင်းဟန့်သံတွေက ဆူညံလာသလိုခံစားရသည်။

*နင့်အမေက အေကိုက်ပြီးသေခဲ့တာ*

*နင့်အမေလိုပြည့်တန်ဆာပဲမဟုတ်လား*

*နင်လည်းအေကိုက်နေနိုင်တာပဲ ငါတို့နဲ့ထမင်းအတူလာမစားနဲ့*

*ယောက်ျားတွေဆီမှာ ပေါင်ကားပြီးအိပ်လို့ရလာတဲ့ ပိုက်ဆံနဲ့ကျောင်းတက်နေပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာ ရှိ ပညာတတ်ကြီးလို့ထင်နေတာလား လွန်းဇေသုတ*

ဒေါ်ဒေါ့်အသံတွေနားထဲဆက်တိုက်ဝင်လာသည်။ကျယ်လောင်ပြီးဆူးရှလွန်းလို့ နားစည်ကိုအပ်တွေနဲ့ပေါက်နေသလိုမျိုး ပင်။ ချောင်းတဟွတ်ဟွတ် ဆိုးနေသည့် ဒေါ်ဒေါ်ကို ကြောက်လန့်တကြား ဇေသုတ မော့ကြည့်ရင်း သူ့ရဲ့ဝမ်းဗိုက်ကိုဆုပ်ကိုင်လိုက်မိသည်။

ဇေသုတ က မေမေနှင့်အလားတူပုံစံမျိုးဖြစ်နေခဲ့ပြီ။ ဇေသုတ ဗိုက် ထဲကကလေးကိုတော့ ဇေသုတ နှင့်အလားတူပုံစံမျိုးမဖြစ်စေချင်ဘူး။ ဇေသုတ က ပြည့်တန်ဆာတစ်ယောက်ဆိုတာလည်း ကလေးကိုပေးမသိစေချင်ပါ။ယိုင်နဲ့နဲ့ ခြေလှမ်းတွေက ဒေါ်ဒေါ့်အိမ်ကနေပြေးထွက်လာခဲ့မိသည်။

မဖြစ်သင့်ဘူး ဒီလိုမဖြစ်သင့်ဘူးလေ..... ဒါကဝဋ်ကြွေးလို့ခေါ်သလား ငရဲလို့ခေါ်သလား သို့ပေမဲ့ ဒီဝဋ်တွေ ငရဲတွေဟာ ဘာကြောင့် ဇေသုတ ကိုအငြိုးအတေးထားသလိုမျိုး ဆက်တိုက် အပြစ်တွေပုံပေးနေရတာလဲ။ အနည်းဆုံးတော့ ကလေးလေးကိုမွေးဖွားပြီး အတူရှိနေဖို့ .... မျှော်လင့်မိခဲ့ရုံလေး ။ ဘာလို့ HIV လဲ ဘာလို့လဲ......

"ဘာလို့လဲ.....!!"

မဖြစ်ဘူး ကလေးကတော့ ဇေသုတ လို ဘဝမျိုးထပ်အဖြစ်မခံနိုင်ဘူး အရောက်မခံနိုင်ဘူး။ဇေသုတ လိုစပ်စုပ်စရာကောင်းတဲ့ရှင်သန်မှုမျိုးနဲ့မကြုံတွေ့စေရဘူး......

ဇေသုတ ကအကြိမ်ကြိမ် မေမေ့ကိုအပြစ်တင်ခဲ့သည်။ အဲ့အတွက် မေမေ့ဝဋ်တွေကိုပြန်လည်မည်လား။သေဆုံးသွားတဲ့မေမေ့ကို အပြစ်တွေတင်ခဲ့သလို ဇေသုတ သေဆုံးသွားခဲ့ရင် ကလေးက ဇေသုတ အပြစ်တင်နေမှာများလား

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now