Chapter 25

2.9K 167 21
                                    

My stepfather became my husband - 25

နေ့ရက်တွေကိုရေတွက်ကြည့်လျှင် စုစုပေါင်း 15 ရက်ကြာခဲ့ပြီ ရေမဖြည့်ရသည့်ပန်းအိုလေးဟာ ခြောက်ကပ်လာပြီ။အလဲမခံရသည့်ပန်းလေးကတော့ 8 ရက်လောက်ရှိတော့မည်။ရေဓာတ်ကုန်ခမ်းလာသည်နှင့်အမျှ နှင်းဆီပွင့်လေးဟာ ပွင့်ဖက်တစ်ခုချင်းစီကြွေကျနေခဲ့ပြီဖြစ်သည်။ ထိုပွင့်ဖက်လေးတွေကြွေကျသွားတိုင်း သူ့နှလုံးသားနာကျင်လာပြန်၏။နောက်ဆုံး၌ ထိုနှင်းဆီပွင့်ကလေး၌ ပွင့်ဖက်လေးတစ်ဖက်သာကျန်ရှိလေတော့သည်။

ကျွီ.........

တံခါးပွင့်သံက Nurseဝင်လာရမဲ့အချိန်ထက်စောနေသည်။ နှုတ်ဆက်စံလည်းမပြုသလို အနားလျှောက်မလာသည်ကြောင့် သူ လှည့်ကြည့်လိုက်တော့ အမျိုးသားတစ်ယောက်ဖြစ်နေသည်။ထိုအမျိုးသားရဲ့မျက်နှာကတင်းမာနေပြီး သူ မသိပေမဲ့ ရင်းနှီးသည်ဟုခံစားနေသည်။သို့ပေမဲ့လည်း မိသားစုဖြစ်နေရင်တောင် သူမလိုလားတော့ဘူး သူဟာ ဒီပွင့်ဖက်လေးနဲ့အတူ မကြာခင်မှာ ကြွေလွင့်ရတော့မည်ပဲလေ။

"ဘာလုပ်နေတာလဲ......"

နှင်းဆီပန်း၌ ရိုးတံနှင့် ပွင့်ဖက်တစ်လွှာသာကျန်တော့သည်။သူ ဟာ ထိုပွင့်ဖက်လေးကိုငေးကြည့်နေရင်း ထိုအမျိုးသား အား ထိုနှင်းဆီပွင့်ထံသို့လက်ညှိုးညွှန်လာကာ

"အဲ့ပွင့်ဖက်လေးကြွေသွားရင် ကိုယ်လည်းထွက်သွားရတော့မှာ ..... မနက်ဖြန် ဆို ဒီပွင့်ဖက်လေးကြွေမှာ ဒါက ကိုယ်အသက်ရှင်ဖို့ တစ်ရက်ပဲကျန်တယ်လို့ရည်ညွှန်းနေသလို ကိုယ်ဟာ မနက်ဖြန်ကျရင် သေရမှာဆိုပြီး သတိပေးနေတာလို့ပြောရင်လည်းမမှားဘူး....."

ထိုလူက The last leaf ထဲက ဇာတ်ကောင်တစ်ကောင်နှင့်တူလှသည်။နောက်ဆုံးသောကျန်ခဲ့သည့်သစ်ရွက်လေးဟာ သူ့ရဲ့အသက်တစ်မျှင်လိုမျိုး ထင်နေခဲ့တာဖြစ်သည်။TV ရောဂါကို ကုသရတဲ့အ‌ေတာအတွင်း ဇေသုတ ဟာ စိတ်ကျရောဂါကိုပါ တစ်ပါတည်းခံစားခဲ့ရပြီး သနားစဖွယ်ကောင်းလောက်အောင်ကိုမှ ....... ဖြစ်တည်ရှင်သန်နေခဲ့ရ၏။

အတ္တ မျက်ရည်တွေကိုထိန်းမထားနိုင်တဲ့အဆုံး ကျောခိုင်းလှည့်ထွက်လာခဲ့ရသည်။ ဇေသုတ ဟာ တစ်ယောက်တည်းပြန်ဖြစ်သွားသည့်အခါ တိတ်ဆိတ်ငြိမ်သက်သွားပြီး ထို နှင်းဆီပွင့်ဖက်ကလေးကိုပဲငေးကြည့်လို့နေသည်။

My stepfather became my Husband (Mpreg)(Complete )Où les histoires vivent. Découvrez maintenant