Chapter 9

3.5K 180 4
                                    

My stepfather became my husband - 9

အတ္တ အားအခန်းထဲသို့ခေါ်လာပြီး ကွဲသွားသည့်လက်ခုံကိုဆေးလိမ်းပေးခဲ့သည်။ဒဏ်ရာလေးတွေက လက်ခုံကအဆစ်တစ်ခုစီတိုင်းမှာ ပေါက်ပြဲရာသေးသေးလေးတွေသီတန်းလို့နေ၏။အနာကပ် တိတ်ကလေးတွေကို သေးသေးလေးတွေ ညှပ်ထုတ်ပြီး ပေါက်ပြဲရာလေးတစ်ခုဆီတိုင်းကို ဆေးထည့်ရင်းကပ်ပေးလိုက်၏။ထို့နောက် တိတ်ဆိတ်စွာပဲ ဆေးသေတ္တာဘူးကိုသိမ်းဆည်းလိုက်ပြီးနောက်

"ည အရမ်းမိုးချုပ်နေပြီ အိပ်တော့လေ"

"အိပ်မပျော်ဘူး.....ခေါင်းထဲမှာ အတွေးတွေများနေတယ်"

"အင်း....."

"ခင်ဗျားနဲ့အိပ်လို့ရမလားဟင်..."

အတ္တ ကိုငြင်းဖို့အတွက် အားယူလိုက်ပေမဲ့ ဒီဖြူဖြူစင်စင် မျက်ဝန်းလေးတွေရယ် ဒီသနားစရာကောင်းအောင်လုပ်ပြနေသည့်အကြည့်တွေရယ်ကြောင့် ငြင်းဆိုမည့်စကားကို မြိုချရင်း ခေါင်းအသာငြိမ့်လိုက်သည်။

"ဒါဆို အိပ်ဖို့ဝတ်စုံကရော..."

"ခင်ဗျားဆီမှာ အပိုမရှိဘူးလား"

" အခန်းကဝေးတာလည်းမဟုတ်ဘူး သွားယူလိုက်ပါလား"

"ဟင့်အင်း မယူချင်ဘူး"

"ဒါဆိုလည်း ကိုယ်ပဲသွားယူတော့မယ်"

ဇေသုတ ထသွားပြီး ယူဖို့လုပ် ဇေသုတ ရဲ့လက်ကောက်ဝတ်ကိုလှမ်းဆွဲပြီး ခေါင်းခါပြသည်။

"မသွားပါနဲ့...."

"ဟာ ဘာလဲ အတ္တ မင်းသရဲမြင်လာလို့လား...."

"ဟင့်အင်း ကျွန်တော်သရဲမကြောက်ပါဘူး..."

"ဒါဆိုဘာလို့ ကလေးပေါက်စလေးလို လုပ်နေတာလဲ...."

ထိုင်နေရာမှ ထလာပြီး ဇေသုတ ရဲ့ ပွေ့ဖက်ပစ်လိုက်သည်။တင်းကြပ်လွန်းလို့ သူတို့ကြားမှာလေတိုးပေါက်တောင်မရှိတော့သလောက်ပဲ။ဇေသုတ လည်း ဝမ်းနည်းနေတဲ့ ယုန်ပေါက်လေးရဲ့ ကျောပြင်ကို ခပ်ဖွဖွလေးပွတ်ပေးပြီး နှစ်သိပ်ပေးလျှက်

"ထားလိုက်တော့ ဒီအဝတ်အစားနဲ့ပဲ အိပ်ချင်အိပ်တော့...."

ပြောပြီးသည်နှင့် အတ္တ ကိုအိပ်ခွင့်ပေးလိုက်ပြီး သူကတော့ အဝတ်အစားလဲလိုက်ပြီး အတ္တ ရဲ့ ဘေးနားသို့ဝင်လှဲအိပ်လိုက်သည်။အတ္တ က ဇေသုတ ဝင်လှဲလာတော့ မျက်လုံးတွေကိုဖွင့်လာပြီး ဇေသုတ ရဲ့လက်ကိုဆုပ်ကိုင်ပြန်သည်။

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now