Chapter 8

3.5K 169 16
                                    

My stepfather became my husband - 8

ဆေးလိပ်သောက်တာကို မသိစေချင်တာထက် ဆေးလိပ်ငွေ့တွေကို မရှူစေချင်တာဆို ပိုမှန်လိမ့်မည်။ဆေးလိပ်ရဲ့ ဆိုးကျိုးဟာဘယ်လောက် အန္တရာယ်များသလဲဆိုတာ လူတိုင်းအသိပင်။ ဆေးလိပ်ငွေ့ရှူရှိုက်မိသူကလည်း Second smoker အဖြစ် အကျိုးအပြစ်တွေကို ရရှိမည်။ထို့ကြောင့် ဒီကလေး ရှေ့မှာ ဆေးလိပ်မသောက်ဖို့ ဆုံးဖြတ်ထားခဲ့တာ။ ဒီလိုပေါ့ ပတ်ဝန်းကျင်မှာ ကလေးသူငယ်တွေရှိရင် ဆေးလိပ်မသောက်သင့်ဘူး ဆိုတာမျိုး

တစ်ခါတစ်ရံကျတော့လည်း ဇေသုတ က ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်ချင်မိတယ်။ ကလေး ကလေးဆိုပြီး အမြဲ တမ်းတွေးပေးနေပေမဲ့လည်း တစ်ခါတစ်လေကျ သူကိုယ်တိုင်က ကလေးအပေါ် တပ်မက်ပြန်တယ်။

ဆေးလိပ်အား နှုတ်ခမ်းလွှာကြားညှပ်ထားတော့ အတ္တ က ဇေသုတ ရဲ့ မျက်နှာ အနားထိ တို့ကပ်လာပြီး လက်တစ်ဖက်က မီးမငြိမ်းသွားစေဖို့ လေကိုကာရင်း တစ်ဖက်က မီးခြစ်ကို မောင်းကို ဖိထားလေသည်။ဆေးလိပ်အား မီးစွဲငြှိသွားတဲ့အခါ ရှိုက်လိုက်ရင်း အတ္တ ရဲ့ ရင်ဘက်ကို တွန်းကာ မျက်နှာ ကိုတစ်ဖက်လှည့်ရင်းဆေးလိပ်ငွေ့တွေအား မှုတ်ထုတ်ပစ်လိုက်တော့သည်။

အတ္တ က အကွာအဝေးတစ်ခုကို သွားရင်း မျက်နှာချင်းဆိုင်ပြီး ဇေသုတ ကိုငေးကြည့်နေခဲ့သည်။ ဇေသုတ ဆုပ်ကိုင်ထားဆဲ Lollipop နဲ့ ဆင်တူသည့် Lollipop တစ်ချောင်းကို ဘောင်းဘီ အိတ်ကပ်ထဲကထုတ်ခါ အခွံကိုဖောက်ပြီး စားနေ၏။သေသပ်လှပပြီး ပန်းနီရောင် နှုတ်ခမ်းသားတွေကြား တရုတ်ဇီးသီးရောင်ရှိသည့် သကြားအစိုင်အခဲလေးကနေရာဝင်ယူသွားသည်ကို ဇေသုတ ငေးစိုက်ကြည့်မိဆဲ

"ဘာလို့လဲ..... "

ဇေသုတ မျက်နှာလွှဲလိုက်ရင်း လက်ညှိုးနှင့် လက်ခလယ်ကြား ဆေးလိပ်ကိုညှပ်ကာ နှုတ်ခမ်းကြားကဆွဲခွာလိုက်သည်။ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ပစ်လိုက်သည်။

အတ္တ ကတော့ နှုတ်ခမ်းလုံးလုံးလေးမျိုးကို ငေးကြည့်နေရင်း တံတွေးမြိုချမိတာ အကြိမ်ကြိမ်ပင်။ ဆေးလိပ်ကိုအမြဲတမ်းထိုင်ဖွာနေတဲ့လူကို အဝေးကနေအမြဲ ငေးကြည့်ခဲ့ပေမဲ့ ဒီနေ့တော့ အနီးကပ်မြင်ချင်တာကြောင့် ဆင်းလာခဲ့တာဖြစ်သည်။ထိုလူက အတ္တ သူ့နားရောက်လာတာကိုတောင် မသိခဲ့ဘူးတဲ့လေ ။ဒီလူ့မှာ ဘယ်လောက်တောင်များ စဥ်းစားတွေးခေါ်စရာတွေ များနေလို့လဲ

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now