Chapter 22

3.2K 188 16
                                    

My stepfather became my husband - 22

ဇေသုတ ကို ကမ္ဘာ ကအလုပ်သွင်းပေးသည်။ သူကလည်း Deli boy ဖြစ်တာကြောင့် ဇေသုတ ကိုလည်း သူအလုပ်လုပ်သည့်ရုံးမှာ အလုပ်အပ်ပေးခဲ့သည်။စက်ဘီးလည်းစီးတတ်တာမို့ရော ကမ္ဘာ လိုလူခံရှိတာကြောင့် ပါ ဇေသုတ အလုပ်ရရှိခဲ့သည်။ အလုပ်ကလခစားမို့ ပထမတစ်လတော့ ကမ္ဘာ ဆီမှာ ကပ်စားရမှာဖြစ်ပြီး လကုန်မှ ပြန်ပေးနိုင်မည့်အခြေအနေဖြစ်၏။

ကမ္ဘာ က ဇေသုတ အပေါ်ကောင်းပြီး ကလေးအတွက် အားပေးသေးသည်။သူလည်း ပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်နေရသူဖြစ်တာကြောင့် ဇေသုတ သနားမိသည်။အသက်၁၈ နှစ်ဆိုတာကျောင်းပညာသင်ရဦးမည့် အရွယ်လေးမဟုတ်လား။

"အစ်ကို နေပူတယ် ဦးထုပ်ယူသွားလေ..."

"ဟင် အစ်ကိုက ဦးထုပ်ယူသွားရင် မင်းကရော..."

"အာ.... ကျွန်တော်က ဒီအတိုင်း အဝတ်အုပ်ပြီး သွားလို့ရတယ် သွားနေကျ အစ်ကိုက အခုမှ သွားရမှာလေ ..."

ကမ္ဘာ ကအတင်းပေးနေတာကြောင့် ဇေသုတ လည်းအားနာသမှုနဲ့လက်ခံပြီး ဦးထုပ်ကိုဆောင်းလိုက်သည်။ပြီးနောက် သူတို့အတူ ရုံးကိုသွားပြီး Manager ဆီမှာ ပို့ရမဲ့ way တွေကိုယူပြီးပစ္စည်းတွေကို ပုန်းထဲသို့ ထည့်၏။ ဇေသုတ က နှေးတိနှေးကန်ဖြစ်နေတုန်း ကမ္ဘာ က ဇေသုတ ကို ကူလုပ်ပေးပြီး ဘယ်လိုသွားသင့်ကြောင်းပြောပြပေးသေး၏။

"နောက်ပြီး တစ်ခုခုမသိရင် ကျွန်တော့်ကိုဖုန်းလှမ်းဆက်လိုက် လမ်းထဲအရမ်းဝင်ရမဲ့ နေရာတွေဆို လမ်းမသိရင် Customer ကို လမ်းညွှန်ပေးဖို့အကူအညီတောင်းကြည့် နော်အစ်ကို"

"ဟုတ်ပြီ ဒါဆို အစ်ကိုက ဒီလိပ်စာကိုအရင် သွားပို့ရမှာပေါ့နော်"

"ဟုတ်တယ် အစ်ကို ကျွန်တော့်ကိုစာရင်းပေး"

ကမ္ဘာ က ဇေသုတ လက်ထဲက စာရင်းစာရွက်ကို ယူပြီး ပုံရိုက်ယူလိုက်သည်။ပြီးနောက် ဇေသုတ ဖုန်းထဲကို သူ့ရဲ့ဖုန်းနံပါတ်ရိုက်ထည့်ပေးပြီးနောက်

"အစ်ကို ဒီ လိပ်စာကိုပို့ပြီးရင် ကျွန်တော့်ကိုဖုန်းဆက်လိုက်လေ ကျွန်တော် လမ်းပြောပြပေးမယ်"

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now