Chapter 2

4K 163 10
                                    

My stepfather became my husband – 2

ဇေသုတ အလုပ်ကပြန်လာတော့ အိမ်ကြီးကတိတ်ဆိတ်နေသည်။လှေကားတစ်ထစ်ချင်းကျော်လွန်သွားတဲ့အခေါက် အခန်းရှိရာသို့တရွေ့ရွေ့တိုးသွားခဲ့သည်။တစ်နေကုန်ပင်ပန်းလွန်းတာကြောင့်  ဘာမှမလုပ်နိုင်ဘဲ ကုတင်ပေါ် လှဲချပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။

ဘာပဲဖြစ်ဖြစ် ဒီကိုရောက်လာတော့ တစ်ခုတော့ကောင်းသည်။ဒေါ်ဒေါ်တို့နဲ့လည်းမတွေ့ရသလို ဒေါ်ဒေါ်ယောက်ျားရဲ့ မူးရူးပြီး ရစ်သမျှခံရတဲ့ဘဝကနေကျွတ်လွတ်ခဲ့ပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲလွတ်မြောက်သည်ဟုတွေးထားပါစေ တကယ်တမ်းမှာတော့ ထို မိသားစုဆီမှ လုံးလုံးလျားလျား လွတ်မြောက်နိုင်ခြင်းမရှိသေးပါ။

ဇေသုတ ဆယ်တန်းဖြေပြီးတဲ့နေ့မှာတင်   မနားမနေဘဲ လုပ်နေကျ စားသောက်ဆိုင် ကိုသွားကာ ညပိုင်းစားပွဲထိုးအဖြစ်ဝင်လုပ်ရသည်။အလုပ်လုပ်နေစဥ်အတွင်းမှာပဲ ဖုန်းဝင်လာပြီး ဒေါ်ဒေါ်မှ အိမ်ကိုအမြန်ပြန်လာရန်ခေါ်ဆိုခဲ့သည်။ထို့ကြောင့် ဇေသုတ အလုပ်ကနေခွင့်ယူကာ ပြန်သွားခဲ့ရပါသည်။ဇေသုတ သူတို့ရဲ့စကားတစ်ခွန်းကိုမှ လွန်ဆန်နိုင်ခြင်းမရှိခဲ့ဘူးလေ

အိမ်ရောက်သည့်အခါ အသက်ကြီးကြီး အမျိုးသားတစ်ယောက်က  ဒေါ်ဒေါ်တို့နှင့်အတူထိုင်နေကြပြီး ဇေသုတ ရောက်လာတော့ ဒေါ်ဒေါ်က ပြုံးရွင်ကာ စကားဆိုသည်။

“ဒီမှာ ကျွန်မ တူလေးပါ သူဌေးရယ် သူဌေးကြိုက်တယ်မဟုတ်လားရှင်”

“အင်း မဆိုးပါဘူး ဒီလိုအလှလေး နဲ့ပေးချေရင်တော့ အကြွေးတွေအကုန်ချေပေးမယ်”

“ကျေးဇူးတင်ပါတယ် သူဌေးရယ် ကျေးဇူးတင်ပါတယ်”

ဒေါ်ဒေါ်က ရှိခိုးမတတ် ထိုလူကြီးကိုကျေးဇူးတွေတင်နေသည်။ဒေါ်ဒေါ်နဲ့ ထိုလူကြီးပြောနေသည်များကို ဇေသုတ နားမလည်စွာဘဲ ငေးကြောင်ကြည့်နေလျှက်

“ဒေါ်ဒေါ် ကျွန်တော့်ကို ဘာလို့ ခေါ်တာလဲ ခိုင်းစရာရှိလို့လား”

ထိုသို့မေးတော့ ဒေါ်ဒေါ်က ထိုလူကြီးဘက်သို့လှည့်ကာပြုံးပြုံးရယ်ရယ်နှင့် ခဏဟု ပြောပြီး ဇေသုတ လက်ကိုဆွဲကာ နောက်ဖေးသို့ ခေါ်ဆောင်လာလျှက်

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now