Chapter 10

3.9K 159 4
                                    

My stepfather became my husband - 10

ဇေသုတ ခန်းမထဲပြန်ဝင်လာပြီး ကျော့ နဲ့ စကားအနည်းငယ်ပြောရင်း အတ္တ ကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ် တစ်ချို့ပေးလိုက်သည်။ကျော့ က သဘောတကျလက်ခံပြီး

"ကျေးဇူးပါ ယောက္ခမ လောင်းကြီး"

"ဒါနဲ့ ကျော့ ရေ Media သမားတွေနဲ့ကိုယ်ကိစ္စလေးနည်းနည်းရှင်းလိုကိဦးမယ် ခွင့်ပြုပါဦး"

"ဟုတ် ကျော့ ပါလိုက်ခဲ့ပေးမယ်"

ပွဲက ကျော့ ရဲ့ပွဲဖြစ််တာကြောင့် ကျော့ လည်း ပါလာမှဖြစ်မှာဖြစ်သည်။ကိုဇွဲ ရောက်လာတာနဲ့ ကျော့ ဆီက ဖိတ်ကြားခံထားရတဲ့ media သမားတွေရဲ့ နာမည်တွေ ကို စစ်ဆေးခိုင်းထားလိုက်သည်။ပြီးတာနဲ့ အားလုံးဆီကို သတိပေးချက်တွေပေးပို့လိုက်သည်။ media ဌာနအသီးသီးနဲ့သက်ဆိုင်ရာ ဂျာနယ်လစ်၊သတင်းမီဒီယာ သမားတွေက တီးတိုးပြောဆိုနေကြရင်း ကျရောက်လာတဲ့ message သံတွေကြောင့်ဖုန်းကိုယူထုတ်ရင်း ငြိမ်သက်ကုန်သည်။

"ဖိတ်ကြားထားခံရရင် ဖိတ်ကြားထားခံရတဲ့ သတင်းကိုပဲ ယူပါ မဆိုင်တာတွေ သတင်းထဲပါလာတာမျိုးဆို ထောင်ထဲမှာ ဆယ်နှစ်လောက်အနားယူဖို့ ကျွန်တော်ကပဲ စီစဥ်ပေးပါမယ် ဒီပွဲကိုကြွရောက်လာပေးလို့ အားလုံးကျေးဇူးတင်ပါတယ်"

ဇေသုတ မျက်နှာပြုံးပြုံးလေး၌ အဆိပ်တွေပါနေ၏။သူဒီပွဲကိုလာခဲ့တာ သူ့စိတ်ဆန္ဒကြောင့်ပဲဆိုပေမဲ့ အတ္တ ကြောင့်လည်းပါသည်ဆိုမမှား။ အတ္တ ကအရွယ်ရောက်လာရင် အရာအားလုံးရဲ့ အမြင့်ဆုံးနေရာမှာ ရပ်နေရမှ ကိုဖြစ်သည်။ အဲ့လိုပဲ အတ္တ အမြင်ဆုံးနေရာမှာ ရပ်နေတာကိုပဲ သူကိုယ်တိုင်ကြည့်ချင်သည်။

စီးပွားရေး ပညာရေး အပြင်ပါရမီဖြည့်ဘက် ဆိုတာလည်းလိုသည်။ အသက်အရွယ်တစ်ခုမှာ အဆင့်အတန်းတူညီတဲ့ အိမ်ထောင်ဖက်ကို ရမှဖြစ်မည်။ပြီးလျှင်ပျော်ရွင်စရာကောင်းတဲ့မိသားစုကိုဖန်တီးပြီး သေချာပေါက်ပျော်နေမှ ဖြစ်မည်။

သေချာအစီစဥ်ဆွဲခဲ့တာလည်းသူကိုယ်တိုင်ပင်ဖြစ်ပေမဲ့ ဇေသုတ နှလုံးသားက မသိလိုက်ခင်မှာ ဒဏ်ရာရထားပုံပေါ် နာလိုက်တာမှ တဆစ်ဆစ်

My stepfather became my Husband (Mpreg)(Complete )Where stories live. Discover now