Ending

103 4 0
                                    

Ending

မနေ့ကအထိ အရာရာကို ရက်ရက်စက်စက်အဆုံးသတ်ပစ်ဖို့ ကျွန်မတွေးနေမိတယ်။

ဟုတ်တယ်.....တစ်ချို့အရာတွေက သိပ်ကိုနာကျင်စေတယ်လေ။ဘယ်လိုနာကျင်‌မှုမျိုးမဆို အဆုံးသတ်သွားသင့်တယ်မဟုတ်လား။

မနေ့ကအထိ ဒီစာရေးတာနောက်ဆုံးဖြစ်လိမ့်မယ်လို့ ကျွန်မတွေးနေမိခဲ့တယ်။သူမကို ဘာမှထပ်မပြောတော့ဘူး။သူမနဲ့ပတ်သက်တာမတွေးတော့ဘူး။သူမနဲ့ပတ်သက်သမျှကို ဒီအတိုင်းလေးပဲ ထားလိုက်တော့မယ်လို့ ကျွန်မ တွေးနေမိခဲ့တယ်။

ဟုတ်တာပေါ့......ကျွန်မကို အကြိမ်ကြိမ်နာကျင်အောင်လုပ်နေခဲ့တဲ့အရာတစ်ခုကို ဘာမှမတတ်နိုင်တဲ့ပုံစံနဲ့ ကျွန်မဒီအတိုင်းထိုင်ကြည့်နေသင့်တယ်လေ။

ဒါပေမယ့် သူမက ကျွန်မကိုအဲ့လိုလုပ်ခွင့်မပြုခဲ့ဘူး။သူမက အဆုံးသတ်တွေကို အကြိမ်ကြိမ်တားဆီးရင်း အချစ်ပုံပြင်တွေကိုဆက်လက်ဖန်ဆင်းခဲ့တယ်။

သူမက ကျွန်မရဲ့ဘေးမှာရှိနေရင်း အရာရာကို ရှေ့ဆက်ဖြစ်ဖို့တွန်းအားပေးနေခဲ့တဲ့သူတစ်ယောက်ပဲ။

သူမရဲ့မျက်နှာကိုကြည့်လိုက်တိုင်း ချစ်ခြင်းတရားကိုကျွန်မမြင်တွေ့ရတယ်။

သူမရဲ့နှုတ်ခမ်းကိုနမ်းရှိုက်လိုက်တိုင်း ချိုမြိန်ခြင်းအရသာကို ကျွန်မပြန်မှတ်မိလာတယ်။

သူမရဲ့လက်တွေကိုဆုပ်ကိုင်လိုက်တိုင်း ကျွန်မမှာ ရှေ့ဆက်ဖို့အင်အားတွေဖြစ်တည်ရတယ်။

သူမရဲ့ရင်ခွင်မှာမှီတွယ်ခိုဝင်လိုက်တိုင်း ကျွန်မရဲ့အိမ်မက်တွေကို ပြီးပြည့်စုံစွာမြင်မက်မိတယ်။

သူမရဲ့ပွေ့ဖက်ခြင်းကိုခံယူရတဲ့အချိန်တိုင်း မျှော်လင့်ချက်တွေ ပိုမိုခိုင်မာလာတယ်။

သူမရဲ့စကားသံတွေကိုကြားရတဲ့အခိုက်အတန့်မှာတော့ ကျွန်မတို့နှစ်ဦးသားရဲ့အနာဂတ်ကို အတူတူဖန်ဆင်းနေမိကြပြီလေ။

ဒါဆို ဘာလို့နောက်ပြန်ဆုတ်ဖို့ကျွန်မတွေးသင့်ပါသလဲ။သူမကြောင့်အတွက်နဲ့ ရှေ့ဆက်တိုးရတော့မှာပေါ့။

ကျွန်မကိုယ်ကျွန်မသတိမထားလိုက်မိပဲ ကျွန်မကတိပြုမိလိုက်တယ်။သူမနဲ့အတူတူထာဝရရှိနေဖို့လေ။

ဒါပေါ့....အဲ့ဒီအခိုက်အတန့်မှာ သူမဟာ ကျွန်မရဲ့ပါရမီဖြည့်ဖက်အဖြစ် နောက်ဆုံးအချိန်အထိ အတူတူရှိသွားပေးနိုင်တာကို ယုံကြည်ရင်း ဒီခရီးကိုဆက်လျှောက်ဖို့ ကျွန်မကိုသူမကလည်းကတိပြုမိပါရောလား။

သူမက ပြုံးနေလေရဲ့။သူမကချိုသာစွာပြုံးနေလေရဲ့။

သူမရဲ့အပြုံးတွေက သိပ်လှတာပဲကွယ်။

"ရှင့်ကိုသိပ်ချစ်ပြီး ယုံကြည်ပါတယ်"

ကလေးရဲ့လက်တွေကိုဆုပ်ကိုင်ထားပေးပါ။
ကလေးရဲ့ခန္ဓာကိုယ်ကိုပွေ့ဖက်ထားပေးပါ။
ကလေးရဲ့နှုတ်ခမ်းတွေကို နမ်းရှိုက်ပေးပါ။
ကလေးကို ထာဝရချစ်ပေးပါ။

"အဆုံးသတ်တစ်ခုဟာ စတင်ခြင်းမဟုတ်လား ဟန်နီ"

Avery Yint Han
(Mon,7:46PM)

To My GirlfriendTempat cerita menjadi hidup. Temukan sekarang