Surprise

97 8 0
                                    

Surprise

ဒီနေ့ကျွန်မရဲ့ပိုင်ရှင်ဟန်နီကြီး အိမ်ပြန်နောက်ကျနေခဲ့တာ။တော်တော်ညနက်တဲ့အထိပြန်မလာသေးတဲ့ ဟန်နီကြီးကို မျှော်နေမိရင်း ကျွန်မရဲ့ရင်ဘတ်ထဲမှာ အောင့်သက်သက်နဲ့ခံစားလာရတယ်။

နေရတာသိပ်အဆင်မပြေတဲ့ရင်ဘတ်ကို လက်ကလေးနဲ့ဖိထားမိရင်း ဟန်နီအိမ်ပြန်လာတာကို စောင့်နေမိတယ်။

အဲ့ဒီအချိန်မှာပဲ အိမ်တံခါးအသာပွင့်သွားခဲ့ပြီး ဟန်နီအိမ်ထဲဝင်လာတယ်လေ။သူမကိုကျွန်မ‌ရဲ့ငိုထားတဲ့မျက်ဝန်းတွေနဲ့ခပ်ငေးငေးလေးကြည့်နေမိတယ်။ကျွန်မသူ့ဆီပြေးသွားဖို့ မေ့လျော့နေခဲ့ပါရောလား။

"ကိုယ့်ကိုဘာလို့ အရင်နေ့တွေကလိုပြေးမကြိုတာလဲ ကလေး"

အဲ့ဒီစကားကြားတော့မှသတိဝင်လာပြီး ဟန်နီ့အနားသွားရင်း ဟန်နီ့ကိုဆီးကြိုမိတယ်လေ။

"ဟန်နီကြီး......"

"မင်းလေးအတွက် Surpriseတစ်ခုပါတယ် ကလေး"

"ဟင်......"

ဟန်နီပေးလာတဲ့ အံ့အားသင့်ဖွယ်လက်ဆောင်လေးကိုလက်ခံရယူမိပြီးတဲ့နောက် ငိုထားတဲ့ကျွန်မရဲ့မျက်ဝန်းတွေမှာ အပြုံးရိပ်ကလေးတွေဖြစ်တည်လာတယ်။ကျွန်မရဲ့ငိုကြွေးသံတွေရပ်တန့်တိတ်ဆိတ်စေဖို့ ဟန်နီပဲ စွမ်းဆောင်နိုင်တာပါ။

သူမကိုပွေ့ဖက်မိတယ်။

"အား...... ကလေး......"

ဆတ်ခနဲတုန်သွားတဲ့ ဟန်နီကြီးရဲ့ခန္ဓာကိုယ်ကို ကျွန်မရဲ့လက်သေးသေးလေးတွေနဲ့ခပ်ဖွဖွထိတွေ့ရင်း တတ်နိုင်သမျှနှစ်သိမ့်ပေးမိတယ်။

"အုံဖွ.....အုံဖွ.......ဟန်နီကြီးရယ်.... အရမ်းနာသွားလားဟင်။ကလေးလေးစိတ်မကောင်းလိုက်တာ"

စိတ်မကောင်းလွန်းလို့ ချက်ချင်းပဲ ကျွန်မရဲ့မျက်ဝန်းမှာမျက်ရည်စတွေ တွဲခိုလာတယ်။

"ကိုယ်ဘာမှမဖြစ်ပါဘူး ကလေးရဲ့။ဟာကွာ.......မျက်ရည်တွေကျပြန်ပြီ.....မငိုနဲ့ ကလေး......ကိုယ်မကြိုက်တာသိသားနဲ့......မငိုရဘူး......"

"ကလေးက ဟန်နီကြီးကို ဒဏ်ရာရအောင်လုပ်မိထားတာလေ.....ကလေး နောင်တရလို့မဆုံးဘူး ဟန်နီရယ်"

To My GirlfriendWhere stories live. Discover now