1-ကျွန်တော်ချစ်တဲ့~~သူ~~

11.8K 597 20
                                    

"အဲ့ကောင်လေးဟာလေ…အရမ်းဆိုးတာ
…သားကို ကြိုခိုင်းတာလည်းမသွားဘူး
…တကယ်ပါပဲ သားတစ်ယောက်တည်း
လာရတာ ပင်ပန်းနေမှာပဲ…"

"ရပါတယ် ဦးရဲ့ ကိစ္စမရှိပါဘူး…ကျွန်
တော်က ခရီးသွားနေကြဆိုတော့ မပင်
ပန်းတော့ဘူးဗျ…"

ကျွန်တော် ခပ်ပြုံးပြုံးလေးပြောလိုက်
တော့မှ ဦးပြုံးသွားလေသည်…အားနာနေ
တဲ့ အပြုံးလေး…

"သား chan yeol!!"

"ဟုတ်ကဲ့…"

"ညီလေးလာရင် ကိုယ်ကအကြီးဆိုတော့
အလိုလိုက်ပေးနော်…ကလေးကို ကောင်း
ကောင်းဆက်ဆံ"

"ဟာ!! မေမေကလည်း သားကလူဆိုး
ကြီးကျနေတာပဲ!!"

ကျွန်တော့်စကားကြောင့် ဦးနဲ့ မေမေက
ရယ်လေရဲ့…မေမေ့မျက်နှာလေး တောက်ပနေလိုက်တာ…

ကျေးဇူးတင်ပါတယ်ဦး…ဖေဖေမရှိတော့
တဲ့ နောက်ပိုင်း မေမေအရမ်းပင်ပန်းနေခဲ့
တာ…ဦးမေမေ့ကို ဒီလိုလေး အမြဲပြုံးနေ
နိုင်အောင် လုပ်ပေးပါနော်…

စိတ်ထဲက တောင်းဆိုမိတဲ့စကားလေး…
မေမေပျော်ရင် ကျွန်တော်ပျော်ပါတယ်
လေ

"ဒီကလေးဟာလေ မှောင်တောင်မှောင်
တော့မယ်…ပြန်မလာနိုင်သေးဘူး…ပြန်
လာရင်တော့ ဆူဦးမှပဲ…"

"မဆူပါနဲ့ ကိုရယ်…ကျောင်းပိတ်ရက်
လေး သားငယ်က ပျင်းလို့နေမှာပေါ့…
သူလည်း လူငယ်ပဲ ပျော်!!!"

"Wu Yi Fan…အိမ်ပြန်လာပါပြီ!!"

ဦးကို ဖြောင်းဖြနေသည့် မေမေ့စကားမှာ
အိမ်တံခါးဝကနေ စူးကနဲထွက်လာတဲ့ အ
သံသြသြလေးကြောင့် ရပ်တန့်သွားလေ
သည်

"aigoo!! လျှောက်သွားရတာ ခြေ
ထောက်တွေတောင်နာတယ်!! အာ!! ဒီ
ကြားထဲ ဒီဖိနပ်ကလည်းချွတ်မရဘူး…
yahh!! ဖိနပ်စုတ် ကျွတ်လေ!! ငါပစ်
ပေါက်လိုက်ရ!!"

လူမမြင်ရသေး ဖိနပ်ကို ရန်ထောင်နေ
သော ကောင်လေးအသံကြောင့် ဦးက
ကျွန်တော့်ကို ပြုံးပြလေသည်…မနိုင်ဘူး
ဆိုတဲ့ အပြုံးလေး

ကျွန်တော်လည်း အဟင်းဟုသာ ရယ်ပြ
ရင်း ထိုကောင်လေးနှင့်ရှေ့ဆက်ရမည့်
အကြောင်းကို တွေးရင်း ရင်လေးမိပါရဲ့

" ~~The One~~ I Love "《✔Completed》Where stories live. Discover now