22-ကျွန်တော်ချစ်တဲ့~~သူ~~

3K 264 16
                                    

dok dok~~

"ဝင်ခဲ့ပါ"

အထဲက တုန့်ပြန်သံကြားတော့ တံခါး
လက်ကိုင်အသာလှည့်ကာ အခန်းထဲ
ဝင်လိုက်သည် ။ တံခါးကို အသာပြန်
ပိတ်လိုက်ရင်း ရှေ့တည့်တည့်စားပွဲပေါ်
က fileတွဲတွေကို ကြည့်နေသည့်
CEO Wuကို ခေါင်းငုံ့ကာ အရိုအသေ
ပြုလိုက်ရင်း...

"ကျွန်တော်ရောက်ပါပြီ"

"imm!! ခဏထိုင်ဦးနော် သား"

"ဟုတ်ကဲ့"

CEOရုံးခန်းရှိ ဧည့်ခန်းသဖွယ်design
ပြုထားသော ဆက်တီပေါ်တွင် chan
yeolထိုင်လိုက်တော့ ဦးက လုပ်လက်
စအလုပ်တွေကိုထားကာ တစ်ယောက်
ထိုင်ဆိုဖာတွင်ထိုင်လိုက်သည် ။

"ဒီနေ့ အစည်းအဝေးမှာ L.Aဘက်
companyတစ်ခုက directorလာ
မယ်ဆိုတာ သားသိတယ်မလား??"

"ဟုတ်ကဲ့ CEO"

"နှစ်ယောက်တည်းရှိတာပဲ ရင်းရင်းနှီး
နှီးပဲပြောပါသားရဲ့"

"ဟုတ်ကဲ့"

ရုံးခန်းအပြင်ဘက်က secretary
ကောင်မလေးအလိုက်တသိလာချပေး
သော Coffeeကို ဦးကတစ်ငုံသောက်လိုက်ရင်း...

"အဲ့ဒီdirectorကိုလည်း ဦးခေါ်ထား
တယ် သူခဏနေရောက်လိမ့်မယ်သား...
companyချင်း ထုတ်ကုန်တွေ ပူးပေါင်း
ပြီး ဈေးကွက်မှာချပြရမှာမို့ သားတို့နှစ်
ယောက်အတူတူတွဲလုပ်ကြပါ"

"ဟုတ်ကဲ့ ဦး"

chan yeolစိတ်ထင့်နေတာ ရှိသည် ။ မနေ့ညနေက yi fanနှင့် date
လုပ်ပြီးပြီးချင်း ဦးက စာဖတ်ခန်းထဲ
ခေါ်ကာ သီးသန့်စကားပြောခဲ့သည် ။
BY gpက directorလာမည်တဲ့
လေ... BY gpဆိုတာ baekတို့
company... သူသည်လည်း အလုပ်
ဝင်တာ သိပ်မကြာသေးသည်မို့ ထို
companyက directorဘယ်သူမှန်း
မသိထားသေး... baekလို့တော့ထင်မိ
ပေမယ့် baekကပြောဖူးသည် ။ 'သူ
companyအလုပ်တွေစိတ်မဝင်စားဘူး
တဲ့... သူက အဆိုတော်ဖြစ်ချင်တာ
တဲ့လေ'... သူမဟုတ်လောက်ပါဘူး
နော်......

ring~~~

"ရောက်လာပြီလား?? အထဲလာခိုင်း
လိုက်လေ"

စားပွဲပေါ်မှ phမြည်လာတော့ ဦးက
ကောက်ကိုင်လိုက်ပြီး အပြင်ဘက်က
secretaryအား ပြောနေလေသည် ။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now