5-ကျွန်တော်ချစ်တဲ့~~သူ~~

4.1K 381 12
                                    

အေးချမ်းလိုက်တာ…chan yeolမျက်နှာ
လေးကို ငေးကြည့်နေရတဲ့ မနက်ခင်း
လေးက ခါတိုင်းနဲ့မတူပဲ ပိုအသက်ဝင် လှ
ပနေခဲ့တာ

ခေါင်းရင်းဘက် ပြတင်းမှ နေခြည်သဲ့သဲ့
ဖြာကျလာတော့ မျက်စိစူးလို့ထင့် အတန်
ငယ် လှုပ်ခတ်သွားသည့် မျက်တောင်
ဖျားကလေးတွေ

နိုးသွားမှာစိုးတာကြောင့် လိုက်ကာပင်ထ
မချနိုင်တော့ဘဲ ချစ်ရသူ မျက်လုံးထက်
လက်ဖဝါးလေးဖြင့် အသာကာထားပေးမိ
သည်

မျက်နှာကလေးက လှပသော အစိတ်အ
ပိုင်းတစ်ခုချင်းစီအား လိုက်ကြည့်နေမိရင်း
နှုတ်ခမ်းဖူးဖူးစိုစိုလေးဆီအကြည့်ရောက်
တော့ ညက အနမ်းကြောင့် ပြုံးမိရဲ့

အသက်ရှူကြပ်မတပ်နမ်းရှိုက်ခဲ့တာ…သူ့
ဘက်က တွန်းထုတ်လာမှ ချိုမြမြနှုတ်ခမ်း
လေးကို မလွှတ်ချင်ဘဲ လွှတ်ပေးရတဲ့
ကိုယ့်အဖြစ်…chan yeolဟာလေ သိပ်
ဆွဲဆောင်နိုင်လွန်းတာ

ရှက်ရှက်နဲ့ ထပြေးရန်ကြံနေတဲ့ chan
yeolအား ခပ်တည်တည်နဲ့ ရင်ခွင်ထဲ
ထွေးပိုက်ပြီး မျက်နှာသေနဲ့မသိသလို ပုံစံ
ဖမ်းခဲ့တာ…

"အင်းးးး!!"

ညည်းညူသံသဲ့သဲ့နှင့်အတူ လှုပ်ယွလာ
သည့် ခန္ဓာကိုယ်လေးကြောင့် မျက်နှာနုနု
ထက်က လက်ကို အသာဖယ်လိုက်သည်

"အဲ!! Wu yi fan"

မျင်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့် ကျွန်
တော့်မျက်နှာကြောင့် သူလန့်သွားသည်
ထင်ရဲ့…ပြီးတော့ ပါးဖောင်းဖောင်းလေး
နှစ်ဖက်ကလည်း ရဲတက်လာသလို

"အိပ်ရေးဝရဲ့လား??"

"အင်း!!"

ဖြေနေသည့် အသံကလေးဟာ ပျင်းရိပျင်း
တွဲ့…ဆံပင်စုတ်ဖွားလေးနဲ့ တပ္ပလ္လင်ခွေ
လေးထိုင်နေတာ…နှုတ်ခမ်းလေးက လည်း ခပ်ပွပွဆူထွက်နေသေး… ကလေး လေးလိုပဲ…အရမ်းချစ်ဖို့ကောင်းအောင်
မနေပါနဲ့လား chan yeolရယ်…

ကျွန်တော်ငေးကြည့်နေတုန်း အိပ်ရာပေါ်
က ဆူပွပွကလေးဟာ အတင်းကုန်းရုန်း
ထပြီး ရေချိုးခန်းထဲဝင်ရန်ပြင်နေလေ
သည်

"ဘယ်သွားမို့လဲ??"

"စာကြည့်တိုက်"

"ရေပူနဲ့ချိုးနော် ရေစိမ်မချိုးနဲ့ဦး…အအေး
ပတ်မယ်…အကျီထုတ်ပေးထားမယ်နော်"

" ~~The One~~ I Love "《✔Completed》Where stories live. Discover now