14-ကျွန်တော်ချစ်တဲ့~~သူ~~

3.4K 341 14
                                    

နေ့ရက်တိုင်းဟာ ထူးမခြားနားစွာပဲ တရွေ့ရွေ့ကုန်ဆုံးလာခဲ့တယ် ။

ဟိုတစ်နေ့ ကျွန်တော်ဖျားပြီးကတည်းက
yi fanဟာ ကျွန်တော့်ကို အစ်ကို
တစ်ယောက်လိုပဲဆက်ဆံခဲ့တယ် ။

အစ်ကိုတစ်ယောက်ဆိုပေမယ့် မေးထူး
ခေါ်ပြောသဘောပါပဲလေ ။ အကြောင်း
မရှိ အကြောင်းရှာ ကျွန်တော်စကားစ
မှသာ 'အင်း' 'အွန်း' ပြန်ဖြေတတ်
တာမျိုး… ကျွန်တော်တို့ နှစ်ယောက်ရဲ့
အခြေအနေက အရက်ကထက်တောင်
ပိုဆိုးလာသလိုပါပဲ… ဆက်ဆံရေး ကျဲ
လာခဲ့တယ် ။

ပြီးတော့ ကျွန်တော့်ကိုလည်း ဥပေက္ခာ
ပြုသေးတယ် ။ ကျွန်တော်ကျောင်းပို့
ကျောင်းကြိုလုပ်တာတောင် သူလက်မ
ခံတော့… ဦးကိုပြောပြီး သူကားနှင့်သူ
သာ ကျောင်းသွားလေတယ် ။

ကျွန်တော်ကလည်း အခုလောလော
ဆယ်တော့ ဦးCompanyမှာ manager
ချုပ်တက်လုပ်နေသည်လေ ။ ရာထူးက
တော့ ဦးက ကျွန်တော်က အလုပ်ကို
စေ့စေ့စပ်စပ်လုပ်လို့ ပေးထားခဲ့တာဆို
ပဲ… ဦးယုံကြည်မှုရှိအောင်တော့ ကြိုး
စားပြီး လုပ်ရတာပေါ့လေ ။

အဲဒီတော့ ကျွန်တော်လည်းအရင်လို
ပေတေပြီး yi fanကို အကြိုအပို့မ
လုပ်နိုင်တော့လို့ ကျွန်တော်တို့ နှစ် ယောက်က ပိုလို့တောင်ဝေးကွာလာပါ
သေးတယ် ။

ကျွန်တော်အိပ်ရာနိုးလာတဲ့ အချိန်ဆို
yi fan ကျောင်းသွားနှင့်ပြီ ဖြစ်နေ
တာမျိုး… ကျွန်တော်အိမ်ပြန်ရောက်ချိန်
ဆို yi fanက သူ့အခန်းထဲမှာ အနား
ယူနေတာမျိုး…

တစ်နေ့ တစ်နေ့မှာ ကျွန်တော်တို့ နှစ်
ယောက်ရဲ့ တွေ့ဆုံချိန်ဟာ အရမ်းနည်း
လို့လာခဲ့တယ် ။ မိသားစု ညစာ စား
ချိန်လေးမှာပဲ ကျွန်တော်တို့ မျက်နှာချင်း
ဆိုင်ဖြစ်တာ… ဒါတောင်သူ့ဘက်က
စကားမစပါဘူး… ကျွန်တော်ကသာ ဟို
ပြောဒီပြောနဲ့ သူ့ဆီက attention
ယူနေရတာ…

ဒါပေမယ့် အဆင်ပြေပါတယ်လေ… ဘာ
ပဲဖြစ်ဖြစ် ကျွန်တော်သူ့မျက်နှာလေးကို
တွေ့နေနိုင်သေးတာပဲ မဟုတ်လား??

ကျွန်တော်တို့နှစ်ယောက် ဝေးကွာသွား
ပေမယ့်ပေါ့လေ ။

~~~~~

" ~~The One~~ I Love "《✔Completed》Where stories live. Discover now