13-ကျွန်တော်ချစ်တဲ့~~သူ~~

3.5K 331 13
                                    

'ဝေါ'ခနဲ လေသံအချို့နှင့်အတူ သဲသဲ
မဲမဲရွာသွန်းနေသော မိုးကြောင့် yi fanအိပ်နေရာမှ နိုးလာသည် ။

heaterဖွင့်ထားသော်လည်း အနည်း
ငယ်အေးသလိုရှိလာသော ရာသီဥတု
ကြောင့် သူremoteလှမ်းယူကာ အပူ
ချိန်မြှင့်လိုက်ရသည် ။

စောင်ကို လည်ပင်းထိ ခပ်တင်းတင်း
ဆွဲခြုံကာ ပြန်အိပ်မည်ပြင်ပြီးမှ ရုတ်တ
ရက်တစ်စုံတစ်ယောက်ကို သတိရလာ
ပြန်တာကြောင့် ငေါက်ကနဲထထိုင်မိ
သည် ။

chan yeol???

သူအဆင်မှပြေရဲ့လား?? ညကလည်း သူတစ်ချိန်လုံး နှာချေနေတာ… မိုးက လည်းသည်းနေတော့ ဖျားနေပြီလား မသိ??

စိုးရိမ်လာသော စိတ်အစုံကြောင့် ကု
တင်ပေါ်မှ အသာထကာ အခန်းပြင်
ထွက်မိသည် ။ မျက်နှာချင်းဆိုင်က
သူ့ အခန်းတံခါးလေးကတော့ တိတ်
ဆိတ်မှုအပေါင်း ကြီးစိုးလျက်…

ကျွန်တော်မေးခဲ့ဖူးသည် ။ ကျွန်တော်
တစ်ခုခုဖြစ်ခဲ့ရင် ဂရုစိုက်ပေးမှာလားလို့
??? တကယ်ကို မျှော်လင့်ချက်ကြီး
စွာနဲ့ မေးခဲ့မိတာပါ…

ဒါပေမယ့် သူအဖြေပေးခဲ့တယ်… ကျွန်
တော့် မျှော်လင့်ချက်တွေကို ရိုက်ချိုး
ပစ်နိုင်မယ့် စကားလုံးအချို့သူရွေးပြော
ခဲ့တယ်…

'ငါမချစ်တဲ့ လူတစ်
ယောက်အတွက် ဘာလို့ငါက ရင်အပူခံ
ပေးရမှာလဲ?? စိုးရိမ်မှာမဟုတ်သလို ဂရု
လည်းမစိုက်ပေးဘူး!!'

သူ့စကားတွေကို ကျွန်တော့်နားထဲမှာ
ကြားယောင်နေတုန်းပဲ… ကျွန်တော်ဟာ
သူ့စကားလုံးတိုင်း ဝင်သက်ထွက်သက်
တိုင်း အထိအတွေ့တိုင်းကို တက်မက်
မက်မောစွာ မှတ်ထားခဲ့သူပါလေ…

ကျွန်တော် သူ့ကိုချစ်ခဲ့တယ်… အမြဲတမ်း
လိုအပ်ခဲ့တယ်…

ဒါပေမယ့် သူကကျွန်တော့်ကို လုံးဝမ
ချစ်ခဲ့ဘူးတဲ့… မလိုအပ်ခဲ့ဘူးတဲ့…

သူမှ မလိုအပ်ခဲ့တာ ကျွန်တော်ဘာလို့
သူ့အနားနေပေးရမှာလဲနော်…

ဒါပေမယ့် ဒါပေမယ့်!!!

အခန်းဝက ပြန်လှည့်မည် လုပ်ပြီးမှ သူ
နှင့်ပတ်သတ်လျှင် ဥပေက္ခာမပြုနိုင်
သော ကျွန်တော် သက်ပြင်းအသာချ
ကာ အခန်းတံခါးလေးကိုအသာဖွင့်ပြီး အခန်းတွင်းကို ဝေ့ကြည့်လိုက်မိသည် ။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now