28-ကျွန်တော်ချစ်တဲ့~~သူ~~

2.7K 227 27
                                    

"မဖြစ်နိုင်ဘူး Baek hyun!!"

့ခြံဝန်းထဲက အလှမွေးရွှေငါးလေးတွေ
မွေးထားသည့် ရေကန်ကြည်လဲ့လဲ့လေး
ဘေးတွင် ရပ်နေကြသည့် သူတို့နှစ်ယောက်...

အုံ့စိုင်းစိုင်းသစ်ပင်ရိပ် ရေကန်လေးဘေးပတ်လည်က ရောင်စုံပန်းခြုံလေးတွေ... တသွင်သွင်တိုက်ခိုက်နေတဲ့ လေညှင်းသဲ့သဲ့... ဖိနပ်ဦးတို့နင်းထားရာ
မြက်ခင်းစိမ်းစိုစို...

အရာအားလုံးက လိုက်ဖက်လွန်းစွာ
လှပနေပေမယ့် သူတို့နှစ်ယောက်က
တော့ ထိုအရာများနှင့်ဆန့်ကျင်ဘက်
ဖြစ်လို့နေသည် ။

ခါးထောက်ကာ နောက်ကျောပေးရပ်
နေသော Chanyeolကျောပြင်က
ဒေါသစွက်သော အသက်ရှူသံပြင်းပြင်း
ကြောင် တသိမ့်သိမ့်တုန်လို့နေသည် ။

"မင်းလည်း သိတယ်မလား?? ငါနဲ့
yi fanနဲ့ချစ်နေတာကို... အဲ့တာကိုဘာလို့..."

ပြောနေရင်းမှ Chanyeolက သက်ပြင်းချလိုက်ရင်း...

"ငါတို့နှစ်ယောက်အခြေအနေကို နားလည်ရဲ့သားနဲ့ ဘာလို့နှုတ်ဆိတ်နေ
ခဲ့တာလဲ??"

"ရုတ်တရက်ကြီးဆိုတော့ ငါလည်း
ဘာပြန်ပြောရမလဲမသိလို့ပါ... ပြီးတော့
လူကြီးတွေက ခုမှကမ်းလှမ်းလာတာကို
ငါကချက်ချင်းငြင်းလိုက်လို့ ကောင်းမလား??"

"ငြင်းသင့်ရင် ငြင်းရမှာပဲလေ..."

ပြောလက်စကားကို ရပ်လိုက်ပြီး
Hkခနဲ လှောင်ရယ်တစ်ချက်ရယ်ကာ
Chanyeolနောက်လှည့်လာသည် ။

"ဘာလဲ?? ငါ့ကိုချစ်နေတုန်းလား??"

ချစ်နေဆဲဆိုတာမှန်ပေမည့် လှောင်သံဆန်စွာပြောလာသော chanyeolကြောင့် baekhyunသက်ပြင်းချမိသည် ။

"ဘာလို့ပြန်လာတာလဲ?? ဘာလို့ငါ့ဆီပြန်လာတာလဲဟမ်!! အတိတ်ကအတိတ်မှာ ကျန်ခဲ့ပြီလေ...
ဘာလို့ထပ်ပြီးပေါ်လာရတာလဲ??"

ပုခုံးကိုဆုပ်ကိုင်လှုပ်ရမ်းကာ အော်ဟစ်လာသည့် chanyeolကြောင့်
baekhyunမျက်ရည်များဝဲလာရသည် ။

"yeol ya ငါကလေ..."

"မခေါ်နဲ့ ငါ့ကိုyeolလို့မခေါ်နဲ့... မင်းအသံမကြားချင်ဘူး ထွက်သွားပေးပါကျေးဇူးပြုပြီး... ငါ့ရှေ့က
ပျောက်ကွယ်သွားပေးပါ"

" ~~The One~~ I Love "《✔Completed》Where stories live. Discover now