9-ကျွန်တော်ချစ်တဲ့~~သူ~~

3.7K 318 15
                                    

dok dok~~

ပြန်ထူးမည်မှန်းမသိသော်လည်း အသိ
ပေးရုံသာ တံခါးခေါက်လိုက်ပြီး အခန်းတံ
ခါးကို အသာလေးဟကာဝင်လိုက်တော့
ခုတင်ပေါ်မှာ ခေါင်းငိုက်စိုက်ချကာထိုင်
နေသည့်သူ…

"နေ့လည်စာလည်းလာမစားလို့ omma
ကပေးခိုင်းလိုက်တာ"

အခန်းတံခါးကို အသာပြန်စေ့ကာ ယူလာ
သည့် ကြက်သားဆန်ပြုတ်ပန်းကန်လေး
အား bed-sideပေါ်တင်ရင်း ပြောလိုက်
တော့ မော့ကြည့်လာသည့်သူ…

သူ့မျက်လုံးအစုံဟာ နီရဲလို့…ဒီကောင်
လေး ငိုထားပြန်ပြီလားလေ…

"ပြန်ယူသွား!!!"

"နေမကောင်းဘူးဆို စားထားလိုက်
နောက်မှပန်းကန်လာယူမယ်"

ငါတကယ်စိတ်ပူလို့ပါ yi fanရယ်…

"ပြန်ယူသွားလို့ ပြောနေတယ်လေ!!"

မသိချင်ယောင်ဆောင်ပြီး အခန်းထဲက
ထွက်သွားရန်ပြင်ခိုက်…

"Park chan yeol!! မင်းကငါ့စကားကို
ဆို $ဖက်မလုပ်တာလား ဟမ်??"

ကျယ်လောင်စူးရှသော အော်သံနှင့်အတူ
ဆန်ပြုတ်ပန်းကန်ကလေးမှာလည်း နံရံ
ဆီပစ်ပေါက်ခံရကာ ခွမ်းကနဲအသံပြု
လျက် ကြမ်းပြင်ပေါ်သို့ အစိပ်စိပ်အမွှာမွှာ
လွင့်စင်ကုန်သည် ။

"ah!!"

နံရံမှ ကန်ထွက်လာသော ဖန်ကွဲစတစ်ခု
က လက်ခုံသို့ လာထိသဖြင့် စူးခနဲခံစား
လိုက်ရသည် ။

"အိမ်အကူတွေကို လာသိမ်းခိုင်းလိုက်
မယ်"

ဒုန်း**

"ah!!"

ကျောပေးလျက်သား ကျွန်တော့်အား ပု
ခုံးနှစ်ဖက်မှနေ၍ မျက်နှာချင်းဆိုင်စေကာ
နံရံနှင့် ဆွဲကပ်လိုက်တာကြောင့် ကျော
ဘက်မှ အောင့်ခနဲ…

"wu yi!!!"

စကားတောင်မဆုံးသေး ကျွန်တော့်နှုတ်
ခမ်းကို ဖိကပ်လာသော သူ့နှုတ်ခမ်းလွှာ…
လူကိုသူ့ကိုယ်လုံးနှင့် ဖိကပ်ထားကာ လက်တစ်ဖက်က ပုခုံးကိုဖိ၍ တစ်ဖက်က
ခေါင်းကို ထိန်းကိုင်ထားသောကြောင့်
နံရံနှင့် သူ့ကြား ကျွန်တော်မှာ မလူးသာမ
လွန့်သာ…

" ~~The One~~ I Love "《✔Completed》Where stories live. Discover now