4-ကျွန်တော်ချစ်တဲ့~~သူ~~

4.1K 377 9
                                    

တစ်နေကုန် ဂနာမငြိမ်ဖြစ်နေသော ကျွန်
တော် ကျောင်းဆင်းမည့်အချိန်ကိုသာ
စောင့်နေမိသည်…

10…9…8…7…6……

လက်တွင်ပတ်ထားသည့် နာရီက စက္ကန့်
လက်တံတိုလေးကိုလည်း ကြည့်ကာ အ
ချိန်တွက်နေမိသည်က ခဏခဏ

3…2…1…

ကျောင်းဆင်းပြီ…နောက်ဆုံးတော့…chan yeolနဲ့ တွေ့ပြီးအကြောင်းစုံမေးရ
မယ်…

စိတ်ကလောနေတာကြောင့် အဆင်သင့်
ပြင်ထားပြီးသား လွယ်အိတ်ကိုကိုင်ကာ
အတန်းထဲက ထွက်လာမိသည်…အတန်း
ထဲက ဆရာ့ကို နှုတ်ဆက်နေကြသည့် အ
သံတွေကိုတော့ ကြားမိပါရဲ့…နေပါစေ…chan yeolလောက်မှအရေးမကြီးတာ…

ကျောင်းရှေ့မှာ မြင်လိုက်ရသည့် မြင်ကွင်း
က ကျွန်တော့်ကို အမောဖောက်သွားစေ
သည်…သူနှင့် တွေ့ချင်လွန်းလှသဖြင့် အ
မောတကော ပြေးထွက်လာမိသော ကျွန်
တော်ဟာ အရူးသာသာ…သူကတော့
ကားကိုစတိုင်ကျကျမှီရပ်ရင်း Na Na ဆိုသော ကောင်မလေးနှင့် ရယ်မော နေလေသည်

"chan yeol!!"

ကျွန်တော်လှမ်းခေါ်လိုက်မှ သူ့အကြည့်
တို့ဟာ ကျွန်တော့်ဆီရောက်လာခဲ့၏…

ဘယ်လိုတောင်လဲ chan yeolရယ်…ငါ
ကျောင်းပြင်ထွက်လာတိုင်း လက်ပြတတ်
တဲ့ မင်းဟာ ဘေးနားမှာကောင်မလေး
တစ်ယောက်ရှိနေတော့ ငါ့ကိုတောင် သ
တိမရတော့သည် အထိ…

သူ ကျွန်တော့်ကို လှမ်းပြုံးပြသည်

"ညီ!! ဒါNa Naတဲ့ မင်းတို့ကျောင်းက
လေ…သိတယ်ဟုတ်??"

chan yeolဟာ ကျွန်တော့်ကျောင်းကလူ
ကိုတောင် ကျွန်တော်နဲ့ ပြန်မိတ်ဆက်ပေး
နေသေးတာ…မသိရင် အကိုက ညီကို
သူ့ချစ်သူနဲ့ မိတ်ဆက်ပေးနေတဲ့ပုံမျိုး…

ဒီလိုအနေအထားမျိုးကို တကယ်စိတ်
ပျက်မိတယ် chan yeol!!

Himm**

"ဘာဖြစ်လို့လဲ ညီ!! နေမကောင်းဘူး
လား??"

သက်ပြင်းချမိတော့ သူဟာ ကျွန်တော့်န
ဖူးကို ခပ်ဖွဖွလာစမ်းလေသည်

"ပြန်ရအောင် chan yeol"

"အင်း အင်း!!"

လက်ကိုအတင်းဆွဲတာတောင် chan
yeolဟာ Na Naကို နှုတ်ဆက်နေသေး
တာမို့ စိတ်ထဲမှာ ဘဝင်မကျတော့…နဲနဲ
တော့ လွန်နေပြီထင်တယ်…

" ~~The One~~ I Love "《✔Completed》Where stories live. Discover now