10-ကျွန်​​တော်​ချစ်​တဲ့~~သူ~~

3.6K 326 14
                                    

သူထားခဲ့သည်အတိုင်းလေး ရပ်နေရာမှ
ကျွန်တော်ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်
ထိုင်ချပြီး တအင့်အင့် ရှိုက်ငိုနေမိသည် ။

ဘာတွေ ဝမ်းနည်းနေတာလဲ park chan yeolရယ်?? ပြဿနာတွေ ရှင်း
သွားပြီလေ… မင်းပျော်နေရမှာလေကွာ…

ဒါပေမယ့် ဘာကြောင့်မှန်းမသိ ရင်ဘတ်
ထဲက တဆစ်ဆစ်နဲ့ နာကျင်နေတယ် ။

နှလုံးသားတည်ရှိရာ ဘယ်ဘက်ရင်အုံ
ကို နာကျင်မှုများပြေလိုပြေငှား လက်သီး ဆုပ်ကလေးဖြင့် ထုရိုက်ကာ အသံတိတ်
ငိုကြွေးနေမိသည် ။

ကျွန်တော်ဘာလို့ ဒီလောက်နာကျင်နေ
ရသည်လဲ???

dok dok~~

"သား chan yeol!! သား!!"

အခန်းအပြင်ဘက်မှ မေမေ့အသံကြောင့်
မျက်ရည်တို့ကို ပင့်သက်ရှိုက်ကာ ထိန်း
လိုက်မိသည် ။

"ဟုတ်မေမေ!!"

"fan fanလေး စိတ်ဆိုးပြီးအပြင်ထွက်
သွားတယ်!! သားတို့ရန်ဖြစ်ထားတာ
လား?? အဆင်ပြေရဲ့လားသား"

ပူပန်သောအမေးစကားလေးနှင့် အတူ
'ကလစ်' ဟူသော တံခါးပွင့်သံလေး ထွက်
ပေါ်လာတာကြောင့် သူထိုင်နေရာမှ အ
မြန်ထကာ တံခါးလက်ကိုင်ဘုကို ဖိထား
လိုက်သည် ။

ကျွန်တော် yi fanအခန်းထဲက ခုထိမ
ထွက်ရသေးသည့် အပြင် ကြမ်းပြင်ပေါ်
မှောက်ကျနေတဲ့ ဆန်ပြုတ်အစအနတွေ
ပြန့်ကြဲနေသည့် ဖန်ကွဲစတွေ…

ဒါ့အပြင် ရုပ်ပျက်ဆင်းပျက်ငိုယိုထား
သည့် ကျွန်တော့်မျက်နှာကို မြင်ရင်ဖြင့်
မေမေ ကျွန်တော်နှင့် yi fan ပတ်သတ်မှု
ကို သံသယဝင်သွားနိုင်သည် ။

"ဟုတ်မေမေ!! သားအဆင်ပြေတယ်!!
မေမေသား အခန်းပြင်ထွက်လာခဲ့မယ်
နော်!! ညီ့ အခန်းထဲမှာ စာအုပ်ရှာနေလို့"

ယုံမလား?? မယုံဘူးလားတော့ မသိပေ
မယ့် ပါးစပ်ထဲပေါ်ရာ စကားဖြင့် လိမ်
လိုက်မိသည် ။

"aww imm imm" ဆိုသည့် သိပ်မယုံ
ချင်ရှာသော အဖြေစကားတစ်ခုနှင့် အခန်းဝမှ တဖြေးဖြေးဝေးသွားသော ခြေ
သံလေးကို ကြားမှ သက်ပြင်းအသာချ
လိုက်မိသည် ။

" ~~The One~~ I Love "《✔Completed》Où les histoires vivent. Découvrez maintenant