29-ကျွန်တော်ချစ်တဲ့~~သူ~~

2.9K 223 13
                                    

ph ringing~~

အရင်လပတ်စာမေးပွဲတွင် ပိုးစိုးပက်စက်
ကျပြီး အိမ်တိုင်ရာရောက်တိုင်စာရောက်
လာတာမို့ ပူပူနွေးနွေးအဆူခံထားရသော se hun...

စာကြည့်စားပွဲတွင်ထိုင်... စာအုပ်ရှေ့ချပြီး
ခေါင်းကစားပွဲနှင့်ထိသည်အထိအပီအပြင်
ငိုက်နေရှာရာမှ ရုတ်တရက်မြည်လာသော
phသံကြောင့် လန့်နိုးသွားပြီး phဆက်သူ
အား ကျိန်ဆဲမိသည် ။

မျက်စိရှေ့က phအားလှမ်းယူကြည့်လိုက်
တော့ခေါ်ဆိုနေသူက ချစ်ရသူပိစိလေး
ဖြစ်နေတာမို့ စပ်ဖြီးဖြီးဖြစ်သွားရင်း...

ချောင်းတစ်ချက်ဟန့်ပြီး မျက်နှာပိုးသတ်လိုက်ကာ...

"byun baek hyun ssi တနေကုန်ph
ခေါ်နေတာကျမကိုင်ဘူး... သူများအိပ်နေ
..."

စိတ်ဆိုးချင်ယောင်ဆောင်နေစဉ် တစ်ဖက်မှအသံက ချစ်ရသူ၏ အသံလေး
မဟုတ်တာကြောင့် ပြောလက်စ စကားတို့
ရပ်သွားရင်း...

"ဟုတ်ကဲ့... ကျွန်တော်သူ့သူငယ်ချင်းပါ..."

"........."

"ခင်ဗျာ!!! ဟုတ်ကဲ့ အခုပဲလာခဲ့ပါ့မယ်"

phချချပြီးချင်း screenပေါ်ကနာရီအား
ကြည့်လိုက်တော့ 12နာရီထိုးပြီး 4မိနစ်...

ဒီအချိန်ကြီး ဒီကောင်လေးရဲစခန်းမှာ...

အတော်လေးစိတ်ပူသွားရတာမို့ ကုတင်ပေါ်ပစ်တင်ထားသည့် အနွေးအကျီ
ကောက်ဆွဲလိုက်ရင်း bedsizeပေါ်က ကားသော့ဆွဲကာ အခန်းတံခါးဆီပြေး
သွားတော့ တိုက်ဆိုင်လွန်းစွာ အခန်းထဲ
ဝင်လာသည့် omma...

လက်ထဲတွင်လည်း သစ်သီးပန်းကန်လေး
ကိုင်ထားလျက်...

"omma!!"

"ဒီအချိန်ကြီး ဘယ်သွားဦးမလို့လဲ sehun"

"ဟို!! သူငယ်ချင်းတစ်ယောက် ဟိုဟာ... အာ!! သွားတော့မယ်"

"ဟဲ့ သား!!"

အသည်းအသန်ပြေးထွက်သွားသော
သားဖြစ်သူကိုကြည့်ရင်း သူမသက်ပြင်း
ချမိသည် ။ ဒီကောင်လေးခပ်ဆိုးဆိုး
ကောင်လေးတွေနဲ့ ပေါင်းနေပြန်တာများ
လားလေ... ဒီအချိန်ကြီးအပြင်ထွက်သွား
တာသိရင် သူ့အဖေတော့ဆူတော့မှာပဲ...

" ~~The One~~ I Love "《✔Completed》Where stories live. Discover now