12-ကျွန်တော်ချစ်တဲ့~~သူ~~

3.5K 328 10
                                    

ညနေ 3နာရီ…

ကျွန်တော် ရပ်စောင့်နေမိသည် ။

ထုံးစံအတိုင်း ကားလေးကို ကျောင်းဝန်း
အဝရှေ့ရပ် မှီထားရင်း ရပ်နေမိသည် ။

ဟော!! ကျောင်းသားတွေ ထွက်လာ
ကြပြီ…

တစ်ဖွဲဖွဲထွက်လာသော ကျောင်းသူ
ကျောင်းသားတွေကြား ကျွန်တော်ရဲ့
သူကို ရှာမိသည် ။

သုံးနာရီခွဲ…

ကျောင်းသားတွေလည်း အုပ်စုလိုက်
ကြီးကနေ တစ်ယောက်စ နှစ်ယောက်စ
သာ ကျန်တော့သည် ။ အခုထိ yi
fan ထွက်မလာသေးပါလား??? နေ
မကောင်းဖြစ်နေလို့များလားလေ???

စိုးရိမ်နေသော စိတ်ကလေးကြောင့်
လက်ထဲက phကို ဖွင့်ကာ 'ညီ' ဟူ
သော contactလေးကို callနှိပ်
လိုက်သည် ။

'တူ'ကနဲ မြည်သံလေးနှင့် phဝင်သွား
သံကြားမှ သူကျေနပ်စွာ ပြုံးမိသေး
သည် ။ ဒီကောင်လေး phတော့ ပိတ်မထားဘူးပဲ…

phခေါ်သံလေး ရပ်တန့်သွားပြီးနောက်
အဝင် callလေးလည်း ပြတ်တောက်
သွား၏ ။

သူ phမကိုင်ဘူး… ကျွန်တော့်ကို စိတ်
ဆိုးနေတာများလား?? ကျွန်တော်လည်း
ဘာမှ မလုပ်မိပါပဲနှင့်… သူစိတ်ဆိုးစ
ရာ အကြောင်းကမရှိ…

ahh!! ကျွန်တော် သူ့အခန်းထဲ ဝင်မိ
ခဲ့တာပဲ… မိဘတွေတောင် ဝင်ခွင့်မရ
သည့် သူ့အခန်းထဲ မနက်အစောပိုင်းက ကျွန်တော် လက်လွတ်စပယ်ဝင်ခဲ့မိသည် ။ ဒါကြောင့် သူစိတ်ဆိုးနေတာလားလေ
???

နှစ်ကြိမ်!!!

သုံးကြိမ်!!!

လေးကြိမ်!!!

……… ဆယ်ကြိမ်!!!

ကိုင်သူမဲ့ phလေးကို ကျွန်တော်ဆက်
တိုက်ခေါ်နေမိသည် ။ မကိုင်မှန်းသိနေ
သောလည်း phဖြေမလားဟု မျှော်လင့်
ချက်တစ်စွန်းတစ်စလေးဖြင့် တော်ရုံ
စိတ်မရှည်သည့် ကျွန်တော်က သူ့အသံ
လေးကို စောင့်မျှော်နေမိသည် ။

သူ ကျွန်တော့်ကိုတော်တော် စိတ်ဆိုး
နေတာပဲ…

ဘယ်ဘက်လက်တွင် ပတ်ထားသည့်
ဒိုင်ခွက်နက်ပြာလေးနှင့်  Rolex နာရီလေးကို ကြည့်မိတော့ တစ်စုံတစ်
ဦးက သူ့အတွေးထဲ မဖိတ်ခေါ်ဘဲ ဝင်
ရောက်လာသည် ။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now