3-ကျွန်တော်ချစ်တဲ့~~သူ~~

4.7K 407 9
                                    

"ထိုင်မယ်နော်"

ရင်းနှီးနေကြ ကိုယ်သင်းနံ့ခပ်သင်းသင်း
ရယ်နှင့် ခပ်သြသြအသံလေးတို့ကြောင့်
မှောင်မဲမဲကောင်းကင်ကို မော့ကြည့်နေ
ရာမှ သူ့ထံအကြည့်ပို့မိသည်

ခေါင်းအသာငြိမ့်ပြတော့ သူ့ဟာ ကျွန်တော့်ဘေးနားတိုးထိုင်လေရဲ့…ဒါဟာ
ကျွန်တော်၏ တစ်ဖက်သတ်အတွေး
သက်သက်…တကယ်တော့ ကျွန်တော်
ထိုင်နေသည့် ဒါန်းအဖြူကလေးဟာ နှစ်
ယောက်ထိုင်ရုံမျှသာ ကျယ်ဝန်းလေသည်

"စိတ်ဆိုးသွားလား??"

အဆက်အစပ်မရှိသော သူ့စကားကြောင့်
ကျွန်တော်သူ့မျက်နှာကလေးအား ငေး
ကြည့်မိသည်…သူကတော့ ကောင်းကင်
ကို မော့ကြည့်လျက် ပြုံးနေလေသည်…

သြော်!! သူမနက်က ကိစ္စကို ပြောနေတာ
ဖြစ်လောက်သည်…

"မဆိုးပါဘူး!!"

စိတ်မဆိုးပါဘူး chan yeolရယ်…ဝမ်း
နည်းသွားရုံလေးတင်ပါ…

"အေးတယ်နော်…ချမ်းနေပြီမလား"

"ဟင်!!"

သူဘယ်လိုသိလဲ ကျွန်တော်ချမ်းနေ
တာကို??

"အရူးလေး…အံ့သြနေသေးတယ်…မသိ
ပဲနေမလား?? မင်းနှာခေါင်းလေးတွေ
နားရွက်လေးတွေတောင် ရဲနေတာ"

ဟုတ်ပါရဲ့…ကျွန်တော်ရူးနေတာပဲ…chan
yeolစိတ်ဆိုးနေတုန်းထင်လို့ စိတ်ညစ်ပြီး
ခြံထဲလာထိုင်နေတာ အနွေးထည်တောင်
ဝတ်ဖို့မေ့လာသည်ပဲ…

ကျွန်တော့်ဆံပင်ကလေးတွေကို ဖွရင်း
ကျွန်တော့်အား ကလေးတစ်ယောက်လို
ပြုံးကာပြောနေသော chan yeolအား
ကျွန်တော် ငေးကြည့်နေမိသည်…

"ဟင့်အင်း!!"

ကိုယ်ပေါ်မှ အနွေးထည်အားချွတ်အံ့ဆဲ
ဆဲသူ့လက်ကလေးတွေကို ကျွန်တော်
တားလိုက်မိသည်…ဝတ်ထားပါ chan
yeolရယ်…ငါ့ကို ပေးလိုက်ရင် မင်းအေး
နေမှာပေါ့…

"မင်းချမ်းနေမယ်လေ"

"ရပါတယ်!!"

သူ့ရင်ခွင်ကို ငေးကြည့်ရင်း ထိုရင်ခွင်နွေး
နွေးထဲ ခိုလှုံချင်လာသည့် ကျွန်တော်မမှား
ပါဘူးနော်…

" ~~The One~~ I Love "《✔Completed》Where stories live. Discover now