7-ကျွန်တော်ချစ်တဲ့~~သူ~~

4.1K 339 33
                                    

wu yi fanဆိုတဲ့ ကောင်လေးဟာလေ
တကယ်ပဲ… အခန်းထဲက heaterပျက်
နေသည်ဟုဆိုကာ ကျွန်တော့်အခန်းထဲ
လာလာအိပ်သည်လေ…

ဒီနေ့ သူ့ကိုကျောင်းပို့ပြီ့း heater အားကြည့်ပေးရန် သူ့အခန်းဆီသွားတော့
တံခါးကို lockချထားသည်လေ…ဦးလေး
ကို မေးကြည့်ပြန်တော့လည်း ဦးလေးကို
တောင်အခန်းထဲ ပေးမဝင်ဘူးတဲ့…

ဒီကောင်လေးမှာ ဘာလှို့ဝှက်ချက်တွေ
ရှိနေပါလိမ့်?? မဟုတ်မှ ရည်းစားတွေ
ဘာတွေများ ရှိနေလေသလား?? ဒီလို
တွေးမိပြန်တော့လည်း ကျွန်တော့်စိတ်ထဲ
မကောင်းသလို…ကျောင်းကြိုပြီးမှပဲ မေး
ကြည့်ဦးမှပါလေ…

ကျောင်းဆင်းဖို့ ငါးမိနစ်လောက်အလိုမှာ
ကျွန်တော် ကျောင်းရှေ့ကားရပ်ကာ ကား
လေးကို မှီရင်း fan fanကိုစောင့်နေမိ
သည်

"chan yeol oppa"

ခပ်ချွဲချွဲခေါ်သံလေးကြောင့် ကျွန်တော်
လှည့်ကြည့်မိတော့ na naဆိုသော
ကောင်မလေး…သူမက ကျွန်တော့်ကို
သဘောကျသည်တဲ့…ဟိုတစ်နေ့ကပဲ
ဖွင့်ပြောထားသည်လေ…မိန်းကလေးဖြစ်
ပြီးတော့ ရှက်လည်းမရှက်ကြဘူးရယ်…
အခုခေတ်ကောင်မလေးတွေများ စပ်စ
လူးလေးတွေ ချည်းပဲ…

"aww!! na na"

"ဒါလေး"

ကျွန်တော်လက်ထဲက ပန်းရောင်ကဗျာ
စာအုပ်လေးအား သူမဆီပေးလိုက်သည်
…ထိုစာအုပ်လေးက သူမကျွန်တော့်ကို
အတင်းပေးထားသည့်စာအုပ်လေး…ဖတ်
ပေးပါဘာညာနဲ့…သူမကို သဘောကျရင်
စာအုပ်လေး သိမ်းထားပါတဲ့လေ

"oppa ဘာလို့လဲဟင်?? na naကို သ
ဘောမကျလို့လား??"

"မဟုတ်ပါဘူး na naရဲ့…na naက ငယ်
သေးတယ်လေ စာကြိုးစားဦးဟုတ်ပြီ
လား?? အခုချိန်က စိတ်ကစားတတ်တဲ့
အရွယ်လေ…na na oppaကို ဒီတိုင်းသ
ဘောကျတာနေမှာပါ…ရော့"

ကျွန်တော်ပြုံးပြရင်း စာအုပ်လေးလှမ်းပေး
တော့ စိတ်မကောင်းဖြစ်သွားသည်ထင်
ရဲ့…ခေါင်းလေးငုံ့ကာ လှမ်းယူလေသည်

အားတော့နာပေမယ့် ကျွန်တော်မှ သူမ
ကို သဘောမကျတာ…

အတွေးပင် မဆုံးလိုက် လည်ပင်းကို
တွယ်ချိတ်လာသည့် သူမလက်နှစ်ဖက်
နှင့်အတူ ကျွန်တော့်နှုတ်ခမ်းနားတိုးကပ်
လာသည့် သူမနှုတ်ခမ်းတစ်စုံ

" ~~The One~~ I Love "《✔Completed》Where stories live. Discover now